CHE

CHE

ကျွန်တော် သာမာန်အားဖြင့် Biography ရုပ်ရှင်တွေကြည့်လေ့ကြည့်ထ မရှိပါဘူး။ ဒါပေမဲ့ Director Steven Soderbergh က Che Guevara အကြောင်းရုပ်ရှင်ရိုက်နေတယ်ဆိုတာ ကြားတာနဲ့ကြည့်ချင်စိတ်တွေဖြစ်ခဲ့ပြီး ဒီကား 2 ကားကိုထွက်ထွက်ခြင်း သွားကြည့်ခဲ့ပါတယ်။ ကြည့်ရကျိုးလည်းတော်တော်နပ်ခဲ့ပါတယ်။ ကျွန်တော် မနေ့ည က Che Guevara ရဲ့လူငယ်ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ Motorcycle Diaries ဆိုတဲ့ ကားလေးကို တင်ပေးခဲ့ပါတယ်။ အခု ဒီ နှစ်ကားကတော့ Che Guevara ရဲ့အောင်မြင်ခဲ့တဲ့ နှစ်တွေနဲ့နောက်ဆုံးနေဝင်ချိန် နှစ်တွေကို သရုပ်ဖော်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလေးတွေပဲဖြစ်ပါတယ်။

CHE : Part I - The Argentine

ဒီပထမရုပ်ရှင်ကားကို Timeline 2 ခုဖြင့်ယှဉ်ပြသွားခဲ့သည်။ ပထမ Timeline သည် Cuba နိုူင်ငံ Havana မြို့တော်မှာ ကျင်းပပြ ုလုပ်ခဲ့တဲ့ Reporter Lisa Howard နှင့် Che Guevara တို့ရဲ့တွေ့ဆုံမေးမြန်းခဲ့တဲ့ အချိန်ဖြစ်သည်။ Lisa Howard သည် Che Guevara ကို သူလုပ်ဆောင်အောင်မြင်ခဲ့သော Latin America ရှိ Communist တော်လှန်ရေးများနှင့် Cuba တော်လှန်ရေးများကို မေးမြန်းခဲ့သည်။ နောက် Timeline တစ်ခုသည် Che တော်လှန်ရေးထဲစဝင်ခဲ့သော ငယ်စဉ်ဘဝများမှ စကာ အောင်မြင်ခဲ့သောတိုက်ပွဲများ နှင့် ဇာတ်လမ်းကို Cuba တော်လှန်ရေးဖြင့် ဇာတ်သိမ်းခဲ့သည်။

1955 ခုှနှစ်တွင် Che သည် နောင်တစ်ချိန်တွင် Cuba နိုင်ငံဧ။် December 2, 1976 မှ February 24, 2008 အထိ သမ္မတဖြစ်လာမည့် Fidel Castro ဆိုသူနှင့် New Maxico တွင်ပြူလုပ်သော တွေ့ဆုံဆွေးနွေးပွဲတစ်ခုတွင် စတင်တွေ့ရှိခဲ့သည်။ Castro တင်ပြသော အကြံ ူပြ ုချက်များ၊ အဆိုတင်သွင်းမှုများ နှင့် သူရဲ့နိုင်ငံအတွက် အနာဂတ် အစီအစဉ် များကို ကြားပြီးသည်နှင့်ချက်ချင်း Che တစ်ယောက် July 26th လှုပ်ရှားမှုဧ။် အဖွဲ့ဝင် တစ်ယောက်အဖြစ် Sign ထိုးခဲ့လေသည်။ Battle of Santa Clara ဆိုသောတိုက်ပွဲကြီးကို 15th October, 1958 ခုနှစ်တွင် Las Villas ဆိုသောမြို့၌ Che တို့တော်လှန်ရေးသမားများ အောင်ပွဲဆင်ပြီးနောက် Che တစ်ယောက် Havana သို့ဆက်လက်ချီတက်သွားခြင်းဖြင့် CHE Part I ကိုဇာတ်သိမ်းပေးခဲ့သည်။ သူ ပြောခဲ့တဲ့ စကားလေးကတော့ ”we won the war, the revolution starts now.” ပဲဖြစ်ပါတယ်။

CHE : Part II Guerrilla

ဒီဒုတိယကားလေးတွင်တော့ Che ဧ။်နောက်ဆုံးနှစ်များကို ရိုက်ပြထားသည်။ တောထဲမှာနေထိုင်လာခဲ့သော ကြာမြင့်လာသော အချိန်များ၊ အဖွဲ့ဝင်များအတွင်း အချင်းချင်း သစ္စာဖောက်မှုများ၊ အစာရေစာ ငတ်မွတ်ခေါင်းပါးလာမှူများ၊ သူ ရဲ့Cubain နောက်လိုက်များနှင့် Bolivian နောက်လိုက်များအတွင်း အချင်းချင်း သဘောထားကွဲလာမှုများ၊ ပင်ပန်းဆင်းရဲခြင်းဒဏ်များကို သည်းမခံနိုင်တော့ကာ ထွက်ပြေးသွားသော သူ့ဧ။် အဖွဲ့ဝင်နောက်လိုက်များ၊ တစ်စထက်တစ်စ အခြေအနေဆိုးရွားလာသော သူ ကိုယ်တိုင်ရဲ့ပန်းနာ ရင်ကျပ်ရောဂါ စသည်ဖြင့် ဆိုးရွားလာသော အခြေအနေများကြောင့် Bolivian စစ်တပ်များနှင့်ဖြစ်ပွားနေသော သူတို့တိုက်ပွဲများသည် အရေးနိမ့်သည်ထက် နိမ့်လာကြသည်။

La Higuera ရွာတွင်ဖြစ်ပွားသော နောက်ဆုံးတိုက်ပွဲတွင် Che ရဲ့တော်လှန်ရေးသမားများ ကျဆုံးကာ Che ကိုယ်တိုင်ပင် အဖမ်းခံခဲ့ရပေသည်။ အဖမ်းခံရပြီးနောက်တစ်နေ့တွင် Cuban American CIA agent Félix Rodríguez ဧ။်အမိန့်အရ 9th October 1967 တွင် Communist တော်လှန်ရေးသမားကြီးတစ်ဦးဖြစ်သူ၊ ဆရာဝန်တစ်ဦးဖြစ်သူ၊ တရားမျှတမှုမရှိသော Capitalism စနစ်အတွက် တိုက်ပွဲဝင်ခဲ့သော Ernesto "Che" Guevara အဖမ်းခံရသော တဲအိမ်လေးအတွင်းတွင် ကွပ်မျက်ခံခဲ့ရသည်။

Directed Steven Soderbergh ရိုက်ကူးခဲ့ပြီး အဓိကဇာတ်ကောင်ဖြစ်သူ Ernesto "Che" Guevara အဖြစ် Puerto Rican မင်းသား Benicio Del Toro ကသရုပ်ဆောင်ခဲ့ကာ 2008 ခုနှစ်ကထွက်ရှိခဲ့သည်။ ပြသချိန်ကြာမြင့်သောကြောင့် မူရင်းရုပ်ရှင်ကို Part I and Part II အဖြစ် အပိုင်း 2 ပိုင်းခွဲကာ ပြသခဲ့သည်။ Benicio Del Toro ကို တစ်ခြားရုပ်ရှင်တွေမှာ မကြာခဏကြည့်ဖူးခဲ့ပေမဲ့ ကျွန်တော်ကျိန်းသေပြောရဲသော စကားတစ်ခွန်းမှာ Benicio Del Toro ဒီကားမှာလောက် တစ်ခြားဘယ်ကားမှာမှ မ ကောင်းခဲ့ပါဘူး။ ဒီမင်းသား သရုပ်ဆောင် မ ကောင်းဘူးလို့ပြောချင်းမဟုတ်ပါဒ ကျွန်တော် ဆိုလိုသည်မှာ ဒီမင်းသား ဒီကားမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တယ်လို့ ပဲဖြစ်ပါတယ်။

ကမ္ဘာကျော် ပုဂ္ဂိုလ်တော်တော်များများရဲ့ဘဝဇာတ်သိမ်းတွေအတိုင်း Che Guevara ရဲ့နောက်ဆုံးဘဝဇာတ်သိမ်းသည်လည်း အလွန်တရာ အကျည်းတန်စွာ မလှပ ခဲ့ပေ။  Che ရဲ့ကွပ်မျက်ခြင်းခံရတဲ့ အခန်းလေးကို Director က Che ရဲ့အမြင်ဖြင့် တင်ဆက်ပြသသွားခြင်းကြောင့် ကျွန်တော်ကိုယ်တိုင် Che ရဲ့နောက်ဆုံး ခံစားချက်လေးကို တစ်ဒဏ်က ခဏလေး ခံစားခဲ့ရလေသည်။ ကျွန်တော်တို့ နေထိုင်သော ကမ္ဘာမြေကို ထာဝရ ငြိမ်းချမ်းသော ကမ္ဘာမြေ ဖြစ်ပါစေဟု ကျွန်တော် ဆုတောင်းလိုက်မိပါတော့သည်။

Part I :  IMDb Rating - 7.2/10
Rotten Tomatoes Rating - 66%

Part II : IMDb Rating - 6.9/10
Rotten Tomatoes Rating - 80%

~WH~

WH
WH
2 min read