WH

Bio not found

WH
Cloud Atlas

Cloud Atlas

ဒီဇာတ်ကားကို အချိန်ကာလ 6 ခုမှာဖြစ်ပျက်ခဲ့တဲံ ဇာတ်လမ်း 6 ခုနဲ့တင်ဆက်ပြသထားခဲ့ပါတယ်။ Pacific Islands, 1849 Adam Ewing ဆိုသူ American ရှေ့နေတစ်ဦးသည် သူ့ဧ။် ယောက်ခမဖြစ်သူရဲ့မပြီးပြတ်သော စီးပွားရေးလုပ်ငန်းတစ်ခုကို အပြီးသတ်ရန် New Zealand ပိုင်သော Pacific သမုဒ္ဒရာရှိ Chatham Islands သို့လာရောက်လေရာ လူမည်းကျွန်များကို မညှာမတာ နှိပ်စက်မှုများကိုမထင်မှတ်ပဲတွေ့ရှိခဲ့ရသော အဖြစ်အပျက်များနှင့် သဟဇာတမတည့်သော ရာသီဥတု အခြေအနေများကြောင့် နေမကောင်းဖြစ်ရာ Dr. Henry Goose ဆိုသော ဆရာဝန်တစ်ဦးဧ။် ကုသသော ဆေးဝါးများကို

WH
WH
4 min read
Star Trek into Darkness

Star Trek into Darkness

(သို့မဟုတ်) တစ်ကျော့ပြန် Khan Star Trek ဇာတ်ကားတွေမှာ အလွန်ကောင်းမွန်တဲ့ Villains တွေရှားတယ်။ The Next Generations တုန်းကတော့ လူဆိုးကြီး Q ရှိတယ်။ တစ်ခြားနာမည်ကြီး လူဆိုးမျိုးနွယ်တွေကတော့ Klingons တို့Romulans တို့Ferengi တို့တော့ရှိတာပေါ့။ အကောင်းဆုံး Villain ကိုပြပါဆိုရင် Khan တစ်ယောက်ပဲ ရှိမယ်ထင်တယ်။ ဒါကြောင့်လည်း J.J. Abrams ရဲ့ဒုတိယမြောက်ဇာတ်ကားတွင် ထိုဇာတ်ကောင်ကို ပြန်လည်အသက်သွင်းခဲ့တယ်။ The Wrath of Khan ဇာတ်ကားတုန်းက Khan သည် Spock ရဲ့အသက်ဇီဝိန်ကို ချွေနိုင်ခဲ့သည်အထိ တတ်စွမ်းနိုင်ခဲ့တယ်

WH
WH
1 min read
Star Trek Beyond

Star Trek Beyond

ကနဦးစွာ ကျွန်တော်ပွင့်ပွင့်လင်းလင်း ဝန်ခံပါရစေ။ Director Justin Lin တစ်ယောက် ဒီဇာတ်ကားကို ရိုက်မယ်လို့ကြားသိလိုက်ရတဲ့အချိန်မှာ ကျွန်တော်အလွန်စိတ်ပျက်မိခဲ့တယ်။ Fast and Furious ကောင်က ကိုယ်တွေကြိုက်တဲ့ Star Trek ကိုဖျက်ဆီးပစ်လိုက်မယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ပေါ့။ အခုလိုပြောလိုက်လို့စာဖတ်သူတို့ဘာမှ စိတ်မပူပါနဲ့။ တစ်ကယ်တော့ ဒီဇာတ်ကားဟာ တစ်ကယ်ကို ကောင်းမွန်တဲ့ Star Trek ဇာတ်ကားကောင်းတစ်ကားအဖြစ် ယခုဆို ရပ်တည်နိုင်ခဲ့ပြီလေ။ -------------------------------------------------------------------------------

WH
WH
5 min read
I AM HEATH LEDGER

I AM HEATH LEDGER

Heath Ledger တစ်ယောက် America မြေပေါ်ကို စခြေချတော့ သူစတွေ့ရင်းနှီးခဲ့တဲ့ သူတွေထဲမှာ Steve Alexander လည်းပါတယ်။ Steve Alexander က နောက်ပိုင်းမှာ Heath ရဲ့manager ဖြစ်လာသလို အရင်းနှီးဆုံးမိတ်ဆွေတွေထဲက တစ်ယောက်လည်း ဖြစ်လာတယ်။ အဲ့ဒီ့ညက သူတို့နှစ်ယောက်က ကားတစ်စီးပေါ်မှာ။ Steve Alexander က သူ့client ဖြစ်တဲ့ Heath ကို သရုပ်ဆောင်သက်တမ်းဘယ်လောက် ရှိပြီလဲလို့မေးလိုက်တယ်။ Heath က သေချာစဉ်းစားပြီးတော့ အနှစ် ၂၀ လောက်ရှိပြီလို့ပြန်ဖြေလိုက်တယ်။ အဲ့ဒီ့တော့ Steve Alexander က ရယ်ရယ်မောမောနဲ့မင်းအသက်ဘယ်လောက်ရှိပြ

WH
WH
5 min read
Swallow

Swallow

ရုပ်ရှင်တွေကပေးတဲ့ ရသတွေ ထဲမှာ စိတ်လှုပ်ရှားခြင်းတို့၊ ပျော်ရွှင်ကြည်နူးခြင်းတို့၊ ကြောက်ရွံ့ထိတ်လန့်ခြင်းတို့၊ ဝမ်းနည်းကြေကွဲခြင်းတို့ အစရှိတဲ့ ခံစားချက်တွေ ကျွန်တော်တို့ ခံစားဖူးတယ်။ ဒါပေမဲ့ ဒီ Swallow ရုပ်ရှင်ကို ကြည့်နေရင်း ခံစားရတဲ့ အရာကတစ်မျိုးဗျ။ physically အထိပေးနိုင်တဲ့ ရုပ်ရှင်မျိုး။ physically အထိ ခံစားစေတဲ့ ရုပ်ရှင်ဆိုတာထက် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲက ကိုယ်တွင်းအင်္ဂါတွေအထိ ခံစားရစေတာမျိုး။ ဒီရုပ်ရှင်ကြည့်နေရင်းနဲ့ လည်ချောင်းထဲမှာ အစူးစူးသွားတာမျိုးတို့၊ အပ်နဲ့ စူးပြီး တစ်နေတာမျို

WH
WH
3 min read
Nights of Cabiria (Le notti di Cabiria) (1957)

Nights of Cabiria (Le notti di Cabiria) (1957)

Nights of Cabiria ဇာတ်ကားကို အီတာလျံ Director ကြီး Federico Fellini က သူ့နာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့ La Dolce Vita တို့8½ တို့မတိုင်ခင်က ရိုက်ကူးခဲ့တာ။ ပြောရမယ်ဆိုရင် La Dolce Vita မရိုက်ခင် ၃ နှစ်အလိုခန့်က။ ဒါပေမဲ့ ရုပ်ရှင်လောကမှာ ငယ်စဉ်ကတည်းက ဇာတ်ညွှန်းဆရာဘဝနဲ့အမြစ်တွယ်နေခဲ့တဲ့ Fellini အတွက်တော့ သူ့ဘဝရဲ့အအောင်မြင်ဆုံးဆိုတဲ့ ဇာတ်ကားတွေ မရိုက်ကူးခင်ကတည်းက အခုလို Nights of Cabiria လို ဇာတ်ကားမျိုးတွေနဲ့အကောင်းဆုံးဇာတ်ကားတွေ ဖန်တီးနေပြီးနှင့်နေပြီ။ . အမှန်က အခုဇာတ်ကားဖြစ်လာအောင် ကြိုးပမ်းခဲ့တာ လွယ

WH
WH
4 min read
RICK and MORTY

RICK and MORTY

Rick ရယ် Morty ရယ် သူတို့ စကားတွေရယ် (Spoilers*) Rick ဆီက ဒီစကားကြားရလိမ့်မယ်လို့ တစ်ခါမှ ထင်မထားခဲ့ဘူး။ logical ကျတဲ့ scientist ကြီးတစ်ယောက်အနေနဲ့ > Sometimes science is more art than science, Morty. A lot of people don’t get that. - Rick Sanchez လို့ ပြောလိုက်တော့ ကိုယ်တွေ Rick ကြီးကို ပိုကြိုက်သွားတယ်။ ဒီစကားကို ကိုယ်ပြောနေခဲ့တာ ကြာပြီ။ အရာရာတိုင်းကို အနူပညာနဲ့ ဖွဲ့စည်းထားတယ်လို့ ကိုယ်ကတော့ မြင်တယ်။ အနုပညာဆိုတာ ရိုရှင်းတယ်။ သူ့အဓိပ္ပာယ်ကို ကိုယ်တွေကတော့ ဖန်တီးမှုနဲ့ ခံစားမှု အချိုးကျကျ ရောစ

WH
WH
8 min read
Departures

Departures

ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းဟာ ဘာအကြောင်းအရာလည်းဆိုတာ ကြိုမသိခဲ့တဲ့လူတွေအတွက်တော့ ဇာတ်လမ်းရဲ့ အဖွင့်ဇာတ်ဝင်ခန်းဟာ အံ့ဩမှုတွေနဲ့ ပြည့်နေလိမ့်မယ်။ ဘာကြောင့်ဒီဇာတ်ဝင်ခန်းကို ပြနေလဲဆိုတာကိုလည်း တွေးနေမိလိမ့်မယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ထိုဇာတ်ဝင်ခန်းရဲ့ တင်ပြမှုစွမ်းရည်ကြောင့်လည်း မျက်တောင်မခတ်ပဲ ကြည့်ဖြစ်ချင် ကြည့်ဖြစ်နေမိလိမ့်မယ်။ . သူ့ရဲ့ လှုပ်ရှားနေတဲ့ လက်အစုံကို ကျွန်တော်တို့ လိုက်ကြည့်နေတယ်။ ကျွန်တော်တို့မျက်စိတွေက သူ့လက် လှုပ်ရှားမှုတွေကနေ ခွါမရဘူးဖြစ်နေတယ်။ ငြိမ်သက်စွာလဲလှောင်းနေတဲ့ အသက်မဲ့ခန္ဓ

WH
WH
2 min read
Eternal Sunshine of the Spotless Mind

Eternal Sunshine of the Spotless Mind

အဖွားကြီးတစ်ယောက် Howard တို့ရုံးကို ဝင်လာတယ်။ Mary က ထိုအဖွားကြီးကို Howard ရဲ့ စားပွဲရှေ့အထိ ခေါ်လာပေးတယ်။ Howard ဆိုအတော်ကို အသက်ကြီးနေပြီ။ Mary လည်း ဘာထူးလဲ။ သူမလည်း အသက်အတော်အသင့် ရနေပြီ။ ခုနက အဖွားကြီးက သူမကိုယ်သူမ Clementine Kruczynski လို့ မိတ်ဆက်တယ်။ Howard နဲ့ Mary က တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်ကြတယ်။ ထို့နောက် Howard က သူတို့အခု conversation ကို recording လုပ်မဲ့အကြောင်းကို ခွင့်တောင်းလိုက်တယ်။ Howard က သူ့ computer ကို ဖွင့်ပြီး Clementine ရဲ့ file ကိုဖတ်နေတယ်။ နှစ် ၅၀

WH
WH
3 min read
The Theory of Everything

The Theory of Everything

ကျွန်တော် Reviews တွေ မရေးတော့ဘူးလို့ဆုံးဖြတ်ချက် ချခဲ့ပေမဲ့ Page ကို Likes 10,000 ပြည့်သွားခြင်း အထိမ်းအမှတ်ရယ် ဟိုတစ်နေ့က မှ ကြည့်ဖြစ်ခဲ့တဲ့ ယခုထိတိုင် စိတ်ကူးတွေထဲမှာရော နှလုံးသားထဲမှာပါ ဝင်ရောက်နေတဲ့ ဇာတ်ကားလေးတစ်ကားကို ပြောပြချင်တဲ့ စိတ်ရယ် တိုက်ဆိုင်သွားပြီး The Theory of Everything ကို ကျွန်တော် ယခုရေးလိုက်ပါတော့တယ်။ ဒီကားကို ကျွန်တော် အရမ်းကြီး ညွှန်းပြနေစရာ မလိုဘူးလို့အရင်ဆုံးတွေးမိတယ်။ ဘာလို့လဲဆိုတေ့ာ လူတိုင်းနီးပါးလည်း ကြည့်ပြီးဖြစ်နိုင်တဲ့အပြင် ဒီနှစ် Oscar ပေးပွဲမှာ Best Actor ဆုကိ

WH
WH
3 min read
Inside Out

Inside Out

အမုန်းဘယ်က စသလဲဆိုရင် အချစ်ကစနိုင်သလို အချစ်ကနေလည်း အမုန်းကို ကူးပြောင်းသွားနိုင်ပါတယ်။ ထို့အတူပဲ ပျော်ရွှင်ခြင်းမှသည် ဝမ်းနည်းခြင်းဖြစ်ရပ်များကို ပြောင်းလဲပစ်စေနိုင်သလို ဝမ်းနည်းခြင်းတွေမှသည်လည်း ပျော်ရွှင်ခြင်းကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါတွေက ကျွန်တော်တို့လူသားတွေရဲ့ စိတ်ကလေးအတွင်းမှာ ဖြစ်တည်ပြောင်းလဲဖြစ်ပျက်နေတဲ့ စိတ်ခံစားမှူကလေးတွေပါပဲ။ ထိုစိတ်ခံစားမှုလေးတွေကို အခြေခံပြီး ရုပ်ရှင်ရိုက်နိုင်ကြမယ်လို့ဘယ်သူက တွေးထင်ခဲ့ဖူးကြမှာလဲ? ရိုက်နိုင်ကြတယ်ပဲထားအုံး။ ပရိသတ်ကို ဘယ်လို စွဲဆောင်နိုင်မလဲ? ဒ

WH
WH
3 min read
Shoplifters

Shoplifters

ပြီးခဲ့တဲ့ May လလယ်လောက်က ပြင်သစ်နိုင်ငံ Cannes မြို့မှာနှစ်စဉ်ကျင်းပလေ့ရှိတဲ့ 71st နှစ်မြောက် Cannes ရုပ်ရှင်ပွဲတော်ကျင်းပခဲ့တယ်။ ထိုရုပ်ရှင်ပွဲတော်မှာ အကြီးမားဆုံးဆုဖြစ်တဲ့ Palme d'Or ဆုကို ဂျပန်နိုင်ငံက ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်တဲ့ Shoplifters ဆိုတဲ့ဇာတ်ကားတစ်ကားက ဆွတ်ခူးသွားတယ်။ ဒီမှာတင် ကမ္ဘာအနှံ့က ရုပ်ရှင်ချစ်သူတိုင်းက ထိုဇာတ်ကားကို အာရုံစိုက်လာကြတယ်။ ဒါနဲ့ဒီဇာတ်ကားကို လူတိုင်းသိသွားကြပြီး အခုလည်း အကယ်ဒမီပေးပွဲအတွက် နိုင်ငံခြားဘာသာစကားပြော ရုပ်ရှင်စာရင်းမှာ လျာထားခံနေရတဲ့အထိ အောင်မြင်မှုတ

WH
WH
3 min read
Roma

Roma

Roma က ရုပ်ရှင်ဇာတ်ကားဆိုတာထက် ပိုခဲ့တယ်။ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဆိုတာ ဇာတ်လမ်းနဲ့ချည်းပဲ မသက်ဆိုင်ဘူး။ ထိုဇာတ်လမ်းကို ဘယ်လိုတင်ပြသလဲဆိုတာရယ်၊ သူတို့တင်ပြချက်ကို ပရိသတ်က ဘယ်လိုယူခဲ့သလဲဆိုတာ တွေအပေါ် အများကြီးမူတည်ပြီး ရုပ်ရှင်ဇာတ်ကားတစ်ကားဟာ ကောင်းတယ်၊ မကောင်းဘူးလို့သတ်မှတ်ကြတယ်။ Cold War မှာ Paweł Pawlikowski က ကျွန်တော်တို့ပရိသတ်တွေကို သူ့မိဘနှစ်ယောက်ရဲ့ဘဝတွေကို ပြန်ခေါ်သွားတဲ့အချိန်မှာ Alfonso Cuarón ကတော့ Roma နဲ့ကျွန်တော်တို့ပရိသတ်တွေကို သူ့ရဲ့ကလေးဘဝဆီကို ခေါ်ဆောင်သွားခဲ့တယ်။ သူ့ငယ်စဉ်က

WH
WH
5 min read
The Jungle Book (2016)

The Jungle Book (2016)

Lessons Learned Disney ရဲ့ယခုနှစ်ထွက်ရှိတဲ့ ဇာတ်ကားတွေကို ကျွန်တော် အလေးထားပြီး ကြည့်မိခဲ့တယ်။ ဟိုတလောတုန်းကလည်း Zootopia ဇာတ်ကားအကြောင်းနဲ့ပတ်သက်ပြီး သင်ယူခဲ့ရတဲ့ သင်ခန်းစာလေးတွေအကြောင်းကို ရေးသားခဲ့ဖူးပါပြီ။ ယခုလည်း ထိုနည်း၎င်းပဲ Jungle Book (2016) ဇာတ်ကားနဲ့ပတ်သက်ပြီး စိတ်ကူးထဲကို ဝင်ရောက်လာတဲ့ အတွေးစလေးတွေနဲ့ပတ်သက်ပြီး သင်ခန်းစာလေးတွေကို ရေးလိုက်ပါတယ်။ ပထမဆုံး သတိထားမိတာတစ်ခုက Unconditional Love ပဲ။ အဓိကဇာတ်ကောင် Mowgli ကို မွေးစားခဲ့ပြီး ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ဝံပုလွေမ Raksha ရဲ့Mowg

WH
WH
4 min read
X-Men: Apocalypse

X-Men: Apocalypse

X-Men ဇာတ်ကားတွေဟာ ပရိသတ်တွေကို တန်ဖိုးထားရုံသာမက ဇာတ်ကောင်တွေကိုပါ တန်ဖိုးထားလေ့ရှိပါတယ်။ X-Men: Apocalypse ယခုဇာတ်ကားဟာ တစ်ချို့ဇာတ်ကောင်တွေရဲ့နိဒါန်းဖြစ်ပြီးတော့ တစ်ချို့ဇာတ်ကောင်တွေအတွက်တော့ နိဂုံးပေါ့။ ကျွန်တော် ဒီဇာတ်ကားကို အလွန်နှစ်သက်မိတဲ့အကြောင်းအရင်းတစ်ချက်က X-Men ပရိသတ်တစ်ယောက်အနေနဲ့ရင်းနှီးပြီးသားဇာတ်ကောင်တွေကို မရိုးအီအောင် တင်ပြနိုင်ခြင်းပဲ။ ကျွန်တော့်အတွက်တော့ X-Men ဇာတ်ကားတွေဟာ ဘယ်တော့မှ မရိုးခဲ့ပါ။ ယခုဇာတ်ကားသည်လည်း ဝေဖန်ရေးဆရာတွေရဲ့ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခံရတဲ့ကြားထဲက ကျွန်တော့်အ

WH
WH
4 min read
CHE

CHE

ကျွန်တော် သာမာန်အားဖြင့် Biography ရုပ်ရှင်တွေကြည့်လေ့ကြည့်ထ မရှိပါဘူး။ ဒါပေမဲ့ Director Steven Soderbergh က Che Guevara အကြောင်းရုပ်ရှင်ရိုက်နေတယ်ဆိုတာ ကြားတာနဲ့ကြည့်ချင်စိတ်တွေဖြစ်ခဲ့ပြီး ဒီကား 2 ကားကိုထွက်ထွက်ခြင်း သွားကြည့်ခဲ့ပါတယ်။ ကြည့်ရကျိုးလည်းတော်တော်နပ်ခဲ့ပါတယ်။ ကျွန်တော် မနေ့ည က Che Guevara ရဲ့လူငယ်ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ Motorcycle Diaries ဆိုတဲ့ ကားလေးကို တင်ပေးခဲ့ပါတယ်။ အခု ဒီ နှစ်ကားကတော့ Che Guevara ရဲ့အောင်မြင်ခဲ့တဲ့ နှစ်တွေနဲ့နောက်ဆုံးနေဝင်ချိန် နှစ်တွေကို သရုပ်ဖော်ပေးထားတ

WH
WH
2 min read
Finding Dory

Finding Dory

(ဇာတ်ကားခံစားခြင်းနှင့် Pixar Studio အပေါ် အပေါ်ယံသုံးသပ်ခြင်း) Pixar ကထုတ်တဲ့ ဇာတ်ကားတွေ ဘာကြောင့် ကောင်းတာလဲ? Pixar ရဲ့ရုပ်ရှင်ဇာတ်ကားကောင်းအများစုထဲမှာ လူဆိုးအစစ်သည် ကျွန်တော်တို့လူကောင်းလို့သတ်မှတ်ထားတဲ့ အဓိကဇာတ်ကောင်တွေပဲ။ ဥပမာ Toy Story က Woody ဇာတ်ကောင်ကို အရင်ကြည့်ကြရအောင်။ Woody ရဲ့မာနတွေနဲ့ခေါင်းဆောင်လုပ်ချင်တဲ့စိတ်တွေရယ် Buzz Lightyear ရောက်လာတော့ မနာလိုတဲ့ စိတ်တွေရယ်ကြောင့်ပဲ ပြဿနာတွေဖြစ်လာခဲ့ကာ အဖွဲ့နဲ့ကွဲသွားရတဲ့ သူတို့နှစ်ယောက်ကို တစ်ခြားသူငယ်ချင်းတွေက ကယ်တင်ဖို့ကြိုးစားကြရတဲ့

WH
WH
6 min read
The Wind Will Carry Us (1999)

The Wind Will Carry Us (1999)

Dir. Abbas Kiarostami Starring: Behzad Dorani Cinematography: Mahmoud Kalari ဇာတ်ကားမှာ ဘာဆက်ဖြစ်မလဲလို့စောင့်ကြည့်နေတဲ့အချိန်မှာ တစ်ကယ်တော့ ဘာမှဖြစ်မလာခဲ့ဘူး။ ဘာမှမဖြစ်ခဲ့ခြင်းကပဲThe Wind Will Carry Us ဇာတ်ကားရဲ့အနှစ်သာရတစ်ခုဖြစ်လာခဲ့တယ်။ လွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင်လောက်က ဒီဇာတ်ကားကိုစကြည့်ဖူးခဲ့ပေမဲ့ ယခုဒုတိယအကြိမ်ပြန်ကြည့်ဖြစ်တဲ့အခါမှ ဇာတ်ကားရဲ့အဓိပ္ပာယ်နဲ့အကြောင်းအရာကို ပိုနားလည်လာခဲ့မိတယ်။ ဇာတ်ကားတစ်ကားလုံးဟာ ပုံရိပ်ကားခြပ်တွေနဲ့စကားပြောတွေနဲ့ဖွဲ့စည်းထားတယ်။ ဇာတ်ကားအဖွင့်မှာလည်း ဖုန်တွေထ

WH
WH
6 min read
Turbo

Turbo

လူတိုင်း...လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီ.. ရည်ရွယ်ချက်ကိုယ်စီတွေ ရှိကြပါတယ်။ လူအချို့က ထုတ်ဖော်ပြောဆိုတတ်ကြပြီး လူတစ်ချို့ကတော့ ထုတ်ဖော်မပြောတတ်ကြတာပဲ ကွာပါတယ်။ ဝမ်းနည်းဖို့ကောင်းတာကတော့ လူတိုင်းရည်မှန်းချက်တွေရှိခဲ့ကြတယ်။ ဒါပေမဲ့ လူတိုင်း သူတို့ရဲ့ရည်မှန်းချက်တွေကို လက်တွေ့ဘဝမှာ အကောင်အထည် မဖော်နိုင်ခဲ့ကြပါဘူး။ ညဘက် ညဘက် မက်တဲ့ အိပ်မက်တွေ... နေ့ခင်းဘက်တွေမှာ ထိုင်ပြီးတွေးတောနေတဲ့ စိတ်ကူးတွေ... နောက်ကျသွားပြီဆိုတဲ့ အသိစိတ်တွေရဲ့နှောင့်ယှက်မှူတွေကြောင့် ရရှိသွားကြတဲ့ နောင်တ တရားတွေအဖြစ်နဲ့သာ လူ

WH
WH
3 min read

Toy Story မှ သင်ခန်းစာများ

(Toy Story ဇာတ်ကားတွေရဲ့spoilers တွေပါဝင်ပါတယ်။) ကျွန်တော်တို့တွေ အခုအရွယ်ထိ ဘာကြောင့် Animation ကားတွေကြည့်နေတုန်းလဲဆိုတဲ့ မေးခွန်းရဲ့အဖြေက Toy Story 4 ပါပဲ။ ရုပ်ရှင်ချစ်သူတွေ သိကြတဲ့အတိုင်း Pixar ရဲ့ဇာတ်ကားအများစုဟာ ကလေးတွေအတွက်သာမက အရွယ်ရောက်လူသားတွေအတွက်ပါ ရည်ရွယ်ထားတယ်ဆိုတာ ကျွန်တော်တို့တွေ ငြင်းဆန်လို့မရပါဘူး။ သူတို့ဇာတ်ကားတိုင်းမှာ ကလေးတွေအတွက် သိမှတ်စရာလေးအချို့ထည့်သွင်းထားပြီး ကျွန်တော်တို့လူကြီးတွေအတွက်ပါ ဘဝသင်ခန်းစာအချို့ကို ယူတတ်ရင် ရရှိအောင် အမြဲထည့်သွင်းထားလေ့ရှိတတ်ကြတယ်။ Toy Sto

WH
WH
7 min read
Sicario

Sicario

ရုပ်ရှင်ကို စဖွင့်တော့ Sicario ရဲ့အဓိပ္ပာယ်ကို ရှင်းပြခဲ့တယ်။ Sicario ဆိုတာ Mexico မှာ Hitman တဲ့။ ဒါပေမဲ့ ဒီဇာတ်ကားရဲ့ပထမဆုံး အခန်းသည် ဒီနှစ်ရဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခု ဖြစ်ခဲ့ပေမဲ့ ရုပ်ပုံတွေကို ပိတ်ကားပေါ်မှာ မမြင်ရခင်ကတည်းက စိတ်လှုပ်ရှားဖို့ကောင်းနေအောင် စွမ်းဆောင်နေသည်မှာ Johann Johannson ရဲ့ခပ်ပြင်းပြင်း တီးခတ်နေတဲ့ နောက်ခံ Music Score ပါပဲ။ ရုပ်ပုံတွေ မလာခင် Tempo တစ်ဖြည်းဖြည်း မြင့်လာလေလေ ပထမဆုံး မြင်ရမဲ့ ဇတ်ဝင်ခန်းကို ပိုစိတ်ဝင်စားလာခဲ့လေလေပါပဲ။ ပူပြင်းတဲ့ နေ့လည်ခင်းတစ်ခု

WH
WH
5 min read
Macbeth

Macbeth

သူတို့နှစ်ယောက်ရဲ့ကံကြာမ္မာဆိုးက ထိုနေ့က စခဲ့တာလို့ဆိုလို့ရတယ်။ သေဆုံးနေတဲ့ ရင်သွေးငယ်ရဲ့အသက်မရှိတဲ့ ခန္ဓာကိုယ်လေးကို သူတို့ဇနီးမောင်နှံ နှစ်ယောက် တိတ်ဆိတ်ငြိမ်သက်စွာ စိုက်ကြည့်နေကြတယ်။ ရင်ထဲက အပူမီးတွေက သူတို့နှစ်ဦးရဲ့မျက်ဝန်းတွေမှာ ထင်ဟပ်နေတယ်။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲဆိုတဲ့ ကြိတ်မနိုင်ခဲမရဖြစ်နေတဲ့ သူတို့နှစ်ဦး အမှန်တရားကို လက်မခံချင်ပဲ လက်ခံရတာပေါ့။ ထိုနေ့က သူတို့ရဲ့ရိုးသားမှုတွေ တိတ်ဆိတ်စွာ ပျောက်ဆုံးလာစေမည့် နေ့တစ်နေ့။ Scotland ရဲ့တောင်ပေါ်ဒေသတစ်ခုဖြစ်တာကြောင့် မြူနှင်းမှုန်တွေ ဝေဆိုင်း  

WH
WH
2 min read
Carol

Carol

အချစ်သည် လူတိုင်းကို နေရာတိုင်း၌ အခြေအနေရပ်မျိုစုံဖြင့် ဖြစ်တည်နိုင်သည် လို့Blue is the Warmest Color Review ရေးခဲ့တုန်းက ရေးခဲ့ဖူးသည်။ ဒီဘက်နှစ်တွေရဲ့ရုပ်ရှင်တွေမှာ အချစ်ကားတွေရဲ့တင်ပြနိုင်မှုစွမ်းအားတွေ ပရိသတ်ကို ဖမ်းစားနိုင်မှူစွမ်းရည်တွေ သိသိသာသာ ကျ လာတာကိုတွေ့ရပါတယ်။ အချစ်ကားတွေမှာ အချစ်တွေလပ်ဟင်းနေတယ်လို့ခံစားလာရတယ်။ နဂိုကတည်းက စီမံထားတဲ့ ကန့်သတ်ချက်တွေနဲ့ဖွဲ့စည်းထားတဲ့ အချစ်ကားတွေဟာ တစ်နှစ်မှာ အရေအတွက်ပေါင်း မြောက်မြားစွာထွက်ရှိလာခဲ့ပေမဲ့ ထိုလူနှစ်ယောက်ရဲ့မှော်ဆန်တဲ့ ဆက်နွယ်မှုတွေ ပျောက်

WH
WH
4 min read
The Hateful Eight

The Hateful Eight

Quentin Tarantino ရဲ့အဆိုရဆိုလျှင် Western ရုပ်ရှင်တွေရိုက်ကူးတဲ့ Director တစ်ယောက်လို့အမည်ခံထိုက်ဖို့ဆိုရင် အနည်းဆုံး Western ရုပ်ရှင် 3 ကား ရိုက်ကူးရပါမည်။ သူ့ရဲ့အဆိုကို သူကိုယ်တိုင် ဖြည့်ဆည်းဖို့အတွက် ဒုတိယ Western ရုပ်ရှင်ကို သူရိုက်ကူးခဲ့ပါတယ်။ ကြည့်ရတာ သူဟာ ထို Western 3 ကားကို ဇာတ်လမ်းအရ အစဉ်လိုက်ရိုက်ကူးနေပုံရတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ပထမ Western ဇာတ်ကားဖြစ်တဲ့ Django Unchained ဟာ 1858 ခုနှစ် America ပြည်တွင်းစစ် မဖြစ်ခင်အချိန်လောက်မှာ ဇာတ်အိမ်တည်ထားပြီး ယခု The Hateful Eight ကိုတော့

WH
WH
4 min read
Me before You

Me before You

လူတစ်ချို့ကို ကျွန်တော်တို့ပြုပြင်ပြောင်းလဲပေးလို့မရနိုင်ပါ။ ဒါဆို ကျွန်တော်တို့ဘာလုပ်ပေးနိုင်ကြသလဲ? ကျွန်တော်တို့လုပ်ပေးနိုင်တာ တစ်ခုကတော့ သူတို့တွေကို ချစ်ပေးနိုင်တာတစ်ခုပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ အကူအညီခံချင်တဲ့ လူတွေကိုပဲ ကူညီလို့ ရနိုင်ပြီး မကူညီခံချင်တဲ့ သူတွေကိုတော့ နားလည်မှုတွေပဲ ပေးစွမ်းနိုင်ကြလို့ပါပဲ။ -------------------------------------------------------------------------------- ဒီနှစ်ကြည့်ဖူးသမျှထဲမှာ Romantic အဆန်ဆုံးဇာတ်ကားတစ်ကားလို့ဆိုထိုက်ပေမဲ့ .... အချစ်ဆိုတဲ့

WH
WH
1 min read
Captain Fantastic

Captain Fantastic

(သို့မဟုတ် .. နှစ်တိုင်းရဲ့အဖေများနေ့အတွက် အမှတ်တရ) -------------------------------------------------------------------------------- လူ့ဘောင်အဖွဲ့အစည်းနဲ့ဝေးရာကို ထွက်ခွာဖို့သူတို့နှစ်ဦးဆုံးဖြတ်ခဲ့ကြတယ်။ Ben ကို ကျွန်တော်တို့စတွေ့တော့ တောနက်ထဲရဲ့တစ်နေရာမှာ။ မျက်နှာမှာလည်း ဆီအမဲတွေလား ရွှံ့တွေလားတော့ မသဲကွဲ၊ မဲနက်နက်အရာတွေ ပေနေတာတော့သိတယ်။ သူတစ်ယောက်တည်းလားဆိုတော့ မဟုတ်ဘူး။ သူနဲ့အတူ သူ့ရဲ့သာသမီး 6 ယောက်စလုံးပါတယ်။ ထိုကလေးတွေအကုန်လုံးလည်း ထိုနည်း၎င်းပဲလေ။ အဲ့ဒီ့နေ့က သူ့ရဲ့သားအကြီးဆုံးဖြစ်သူ B

WH
WH
4 min read
10 Cloverfiled Lane

10 Cloverfiled Lane

စကားလုံးတွေ ကင်းမဲ့နေတဲ့ New Orleans မြို့ရဲ့ညနေခင်းတစ်ခုရဲ့မြစ်ရေပြင်ကို သူမနေတဲ့ Apartment ခန်းလေးကနေလှမ်းမြင်နေရတယ်။ ဒါပေမဲ့ သူမကတော့ ထိုရှုခင်းလေးကို ခံစားဖို့စိတ်မဝင်စား။ ခရီးဆောင်အိတ်ထဲကို အဝတ်အစားတစ်ချို့ခပ်မြန်မြန်သွပ်ထည့်နေလေတယ်။ အနီးအနားမှာ ရှိတဲ့ ပေကြိုးနှစ်ကြိုးစ သုံးကြိုးစကို လှမ်းမြင်ရတော့ သူမသည် အဝတ်အထည်ချုပ်ခြင်း စသော Designer အလုပ်ကို လုပ်ကိုင်သူ (သို့မဟုတ်) စိတ်ဝင်စား လေ့လာနေသောသူတစ်ယောက်ဖြစ်နိုင်သည်ဆိုသည်ကို ခန့်မှန်းနိုင်ပေတယ်။ ကဗျာကယာ ထုပ်ပိုးပြီး ခရီးဆောင်အိတ်ကို ဆွဲပြီး

WH
WH
5 min read
Brooklyn

Brooklyn

ချစ်လှစွာသော Eilis, မင်း မှတ်မိသေးလားတော့ မသိဘူး။ မင်းနဲ့ကိုယ်နဲ့စတွေ့ခဲ့ကြတဲ့ ညလေးကိုလေ။ ကိုယ်ဟာ Irish Club ကို တစ်ခါတစ်ရံရောက်တတ်ပေမဲ့ အဲ့ဒီ့ညတုန်းက မင်းလို မိန်းကလေးမျို းနဲ့ ဆုံဆည်းဖြစ်ခဲ့မိလိမ့်မယ်လို့ကိုယ်တွေးမထားခဲ့ဘူး။ ဖူးစာပါတယ်လို့ပဲ လွယ်လွယ်ပြောရမယ်ဆိုရင် မင်းကို ကိုယ်စတွေ့ကတည်းက တစ်ချိန်မှာ မင်းဟာ ကိုယ့်ရဲ့အိမ်သူသက်ထားဇနီးတစ်ယောက် ဖြစ်လာလိမ့်လို့ကိုယ့်ရဲ့မသိစိတ်တွေက ကြိုတင်သိနေခဲ့တယ်။ အဖော်တွေနဲ့ဝေးပြီး ယောင်လည်လည်ဖြစ်နေတဲ့ မင်းကို အသီးသီးကနေကြတဲ့ လူတွေကြားမှာ ကိုယ်စတွေ့ခဲ့တယ်။ မင်း

WH
WH
2 min read
Mulholland Drive

Mulholland Drive

ကျွန်တော့်အိပ်မက်ထဲက Mulholland Drive . (ယခုရုပ်ရှင်ကို ကြည့်ဖူးသူများကိုသာ ရည်ရွယ်ပြီး ရေးသားထားသောကြောင့် မြောက်မြားစွာသော Spoilers များပါဝင်သည်။) . ကိုယ့်မှာ အိပ်မက်တွေရှိတယ်။ ကိုယ်ရဲ့လက်ရှိ ကျဆုံးနေတဲ့သရုပ်မှန်ဘဝရဲ့ ဆန့်ကျင်ဘက်ပုံရိပ်တွေဖြစ်တဲ့ အိပ်မက်တွေ။ ထိုအိပ်မက်တွေထဲမှာတော့ ကိုယ်ဟာ လူကောင်းတစ်ယောက်ပေါ့။ ကိုယ့်ဘဝရဲ့နောက်ဆုံးအချိန်မှာ ကိုယ်ဘာတွေကို အိပ်မက်မက်နေမိမှာလဲ။ . 2016 ခုနှစ်ရဲ့August လ 26 ရက်နေ့မှာ BBC က ကျွန်တော်တို့21 ရာစုရဲ့အကောင်းဆုံး ရုပ်ရှင် 100 ဆိုပြီးစာရင်းပြုစုခဲ့တယ်။

WH
WH
12 min read
Belle De Jour (1967)

Belle De Jour (1967)

ဒီဇာတ်ကားထဲက ဇာတ်ကောင်ကို ကျွန်တော် ဝေဖန်မှာမဟုတ်ပဲ Director Luis Buñuel နဲ့ဇာတ်ညွှန်းရေးဆရာ Jean-Claude Carrière တို့ပုံဖော်ခဲ့ကြသလိုပဲ ကိုယ်လှမ်းမြင်နိုင်တဲ့ အကွာအဝေးတစ်ခုကနေ ကြည့်ပြီး ဆွေးနွေးသွားမှာပါ။ ဇာတ်ကောင်ကို ပြောရမယ်ဆိုရင် ဇာတ်လမ်းကိုပြောတာနဲ့သွားတူလိမ့်မယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တင်ပြထားတဲ့ ယခုဇာတ်ကားဟာ ဇာတ်ကောင်စရိုက်ကိုပဲ အပြည့်အခြေခံထားပြီး ဇာတ်ကောင်ရဲ့လုပ်ရပ်ဖန်တီးမှုတွေနဲ့အတွေးစတွေကို ပုံဖော်ထားလို့ပဲ။ . Séverine Serizy ဆိုတဲ့ အသက်ခပ်ငယ်ငယ် အမျိုးသမီး အိမ်ထောင်ရှင်

WH
WH
6 min read
Edge of Tomorrow

Edge of Tomorrow

ဇာတ်ကားနာမည်ကို All you need is kill မှ Edge of Tomorrow အဖြစ်သို့ပြောင်းလဲခြင်းတွေ.. ဇာတ်ညွှန်းရေးဆရာ အပြာင်းအလဲတွေ... နောက်ဆုံး minutes တွေမှ casting အသစ်တွေထပ်လုပ်လို့ပြန်ရိုက်ခဲ့ရတဲ့ အခန်းတွေ ကြောင့် ဒီကားကိုသာ Director Doug Liman သာမရိုက်ခဲ့ဘူးဆိုရင် ကျွန်တော် စိတ်ပူနေမိမှာ အမှန်ပဲလို့ ကျွန်တော် လွန်ခဲ့သော် 1 လကျော်ကျော်လောက်က ဒီကားလေးကို Preview ရေးတုန်းကပြောဖူးခဲ့ပါတယ်။ ဟုတ်ပါတယ်။ ဒီကားကို စိတ်ပူပြီးသွားကြည့်ခဲ့ရတာပါ။ ဒါပေမဲ့ ဇာတ်ကားအပြီးမှာတော့ ကျွန်တော်စိတ်ပူမှု တွေဟာ ပျောက်ဆုံးခဲ့ရပါတေ

WH
WH
4 min read
The Wailing

The Wailing

(Spoilers Alert*) ဒီဇာတ်ကားအကြောင်း ကျွန်တော်ရေးချင်ခဲ့ပေမဲ့ ရေးဖို့စိတ်ကူးမရှိခဲ့ဘူး။ ရေးချင်ခဲ့မိတဲ့အကြောင်းအရင်းက ကျွန်တော်ဒီဇာတ်ကားကို ကြည့်ခဲ့မိတဲ့လွန်ခဲ့တဲ့ ၁ လကျော်ခန့်လောက်ကြာမြင့်ခဲ့ပြီးသည့်တိုင် ကျွန်တော်ရဲ့စိတ်အစဉ်ကို ယနေ့တိုင် လိုက်ဒုက္ခပေးကာ နှောက်ယှက်နေဆဲမို့ဖြစ်ပြီး ရေးဖို့စိတ်ကူးမရှိခဲ့ခြင်းကတော့ အလွန်တရာကောင်းမွန်လှတဲ့ ဒီဇာတ်ကားကို ကျွန်တော့်ရဲ့ညံ့ဖျင်းတဲ့ အရေးအသားတွေကြောင့် မပျက်စီးစေချင်တဲ့ စိတ်တွေရယ်ကြောင့်ပါ။ ဒါဆို အခုမှဘာလို့လာထရေးရသလဲဆိုတာ မေးခွန်းတစ်ခုပေါ်လာပြီ။ အမေးရှိရ

WH
WH
4 min read
FIRST MAN

FIRST MAN

သင့်ကိုယ်သင် အာကာသယာဉ်မှုးတစ်ယောက်အဖြစ် တွေးကြည့်လိုက်။ သင့်မိသားစု၊ မိတ်ဆွေတွေကို ချန်ထားရစ်ခဲ့ရတော့မယ်။ အောင်မြင်မလား၊ မအောင်မြင်ဘူးလားလို့မသေချာတဲ့ ခရီးစဉ်၊ မဟုတ်သေးဘူး။ သေမလား၊ ရှင်မလား သေချာမသိတဲ့ ခရီးရှည်ကြီးတစ်ခု။ သင့်ဘဝ၊ သင့်အသိ နဲ့သင့်အသက်ကို ပေးဆပ်ရမဲ့ ခရီး။ ဒါဆိုကောင်းပြီ။ အာကာသယာဉ်မှုးတစ်ယောက်အဖြစ် သင်ခုနက တွေးကြည့်ပြီးပြီ။ အခု အာကာသယာဉ်မှုးတစ်ယောက်အဖြစ် ခံစားကြည့်လိုက်။ အာကာသဝတ်စုံကို အပြည့်ဝတ်ဆင်ပြီး ယာဉ်ပေါ်ကို တက်ဖို့လမ်းလျှောက်လာနေတယ်။ ထို့နောက် ကျဉ်းမြောင်းလှတဲ့ ယာဉ်မောင်းနှင်တ

WH
WH
7 min read
Jason Bourne

Jason Bourne

2002 လောက်ကဖြစ်မယ်ထင်တယ်။ James Bond နဲ့ဆန့်ကျင်ဘက် ဇာတ်ကောင်တစ်ယောက် ရုပ်ရှင်လောကမှာ ပေါလာတယ်။ နာမည်ကတော့ Jason Bourne တဲ့။ သူ့ကိုကျွန်တော်တို့စတွေ့တော့ Mediterranean ပင်လယ်ထဲမှာ မျောနေတဲ့သူတစ်ယောက်အဖြစ်။ ကျောမှာလည်း သေနတ်ကျည်ပေါက်ရာ နှစ်ခုနဲ့။ ပြဿနာက သူဟာ ဘယ်ကလာပြီး ဘာဖြစ်ခဲ့လဲဆိုတာ သူကိုယ်တိုင်မသိတာပဲ။ ဒီလိုနဲ့သူတစ်ဖြည်းဖြည်းသိလာတာကတော့ သူဟာ CIA Operation တစ်ခုဖြစ်တဲ့ Treadstone လက်အောက်မှာ အလုပ် လုပ်ခဲ့တဲ့ CIA အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်ဆိုတာပဲ။ ဒါပေမဲ့ တစ်ဖွဲ့လုံးနဲ့တစ်ယောက်ခွဲထွက်သွားတဲ့ Jason

WH
WH
4 min read
Suicide Squad

Suicide Squad

ဒါဟာ ဘယ်သူ့အပြစ်လဲ? အသက်သွင်းဖန်တီးသူ David Ayer အပြစ်လား။ ဇာတ်လမ်းအစစ်အမှန်မရှိတဲ့ ဇာတ်ကျောရိုးကြီးပေါ်ကနေ subplots လေးတွေနဲ့ပဲ အပေါ်ယံဖြူးထားတဲ့ ဇာတ်ညွှန်းရေးဆရာဖြစ်တဲ့ David Ayer အပြစ်ပဲလား။ ဒါမှ မဟုတ် တစ်စစီပြန့်ကျဲနေတဲ့ ဇာတ်ဝင်ခန်းလေးတွေကို ကောက်ကာငင်ကာ မှားယွင်းတဲ့ Lego အပိုင်းအစလေးတွေကို ဆက်နေသလို တည်းဖြတ်ထားတဲ့ တည်းဖြတ်သူ John Gilory ရဲ့အပြစ်တွေလား။ သေချာတာကတော့ သူတို့နှစ်ယောက်စလုံးရဲ့အပြစ်တွေပါပဲ။ ဒါမှ မဟုတ် ထိုအရာတွေကို ခိုင်းစေခဲ့တဲ့ Warner Bros ရဲ့အပြစ်ကြီးပဲလား။ -----------------

WH
WH
7 min read
Sully

Sully

အဖြစ်အပျက်တွေက ဖြစ်ခဲ့ပြီးပြီ။ မြန်ဆန်လွန်းတယ်လို့တောင် ဆိုထိုက်တယ်။ တဒင်္ဂအောင်မြင်မှုဆိုတာလည်း သူ့နောက်ကနေ လိုက်လာခဲ့နေပြီ။ သူ့ဆုံးဖြတ်ချက်က မှားလား မှန်လား။ သူကိုယ်တိုင် ဒွိဟတွေ ဝေနေခဲ့ပြီ။ ဒါပေမဲ့ သူ့ကိုယ်သူတော့ သူယုံကြည်တယ်။ ယုံကြည်ချင်စရာလည်း ကောင်းမှာပေါ့။ အဖြစ်အပျက်က သက်သေထူခဲ့ပြီလေ။ ဒါပေမဲ့ မရဏသေမင်းဆီကို ခေါ်ဆောင်သွားစေတဲ့ အဖြစ်အပျက်တွေကို သူကျော်လွှားနိုင်ခဲ့ပေမဲ့ ထိုအိပ်မက်ဆိုးတွေကတော့ ယနေ့တိုင် သူ့ကိုခြောက်လှန့်နေဆဲ။ အကယ်၍ သူရဲ့ဆုံးဖြတ်ချက်သာ မှားယွင်းခဲ့ပါက … --------------------

WH
WH
4 min read

HEROES (Part V)

Clarice Starling (Silence of the Lambs) Hannible ဟာ အကောင်းဆုံး Villain တစ်ယောက်ဆိုရင် သူရင်ဆိုင်တွေ့ခဲ့ရတဲ့ Clarice Starling ဟာလည်း အကောင်းဆုံး Hero တစ်ယောက်ဖြစ်နေပြန်တယ်။ Clarice ဟာ ဇာတ်လမ်းအစပိုင်းတွင် FBI က သင်တန်းသူတစ်ယောက်ပဲရှိပါသေးတယ်။ ဒါပေမဲ့ သူမရဲ့ပထမဆုံး အလုပ်ကတော့ Buffalo Bill ဆိုတဲ့ လူသတ်သမားတစ်ယောက်ကို ခြေရာခံလိုက်ဖို့Hannibal Lecter ဆိုတဲ့ အကျဉ်းချခံထားရသော သူသတ်သမားတစ်ဖြစ် လူသားစား စိတ်ရောဂါဆရာဝန်ဟောင်းကြီးတစ်ယောက်ကို မေးမြန်းခြင်းများပြုလုပ်ပြီး အကူအညီရယူခြင်းပဲ။ သူမဟာ သင်တန်းကျ

WH
WH
14 min read

HEROES (Part IV)

James Bond ဒီဘဲကိုတေ့ာ သူရဲကောင်းလို့မြင်မိတာထက် အားအကျဆုံး ဇာတ်ကောင်လို့ပြောရင်ပိုမှန်မယ်ထင်တယ်။ စဉ်းစားကြည့်လေ။ ယောကျ်ားလေးတွေ အားကျမယ်ဆိုရင်လည်း အားကျချင်စရာကောင်းတဲ့ ဇာတ်ကောင်လေ။ လောင်းကစားပိုင်းဆိုလည်း ကျွမ်းတယ်။ ယမကာနဲ့ပတ်သက်ရင်လည်း သူမသိတာ မရှိ။ ကမ္ဘာ့ရန်သူတော်ကြီးတွေနဲ့တွေ့လည်း သူပဲ အမြဲအနိုင်ရတယ်။ အသက်ဘေးအန္တရယ်တွေနဲ့တွေ့ကြုံလာပြီဆိုရင်လည်း ကျန်သူတွေထက် သူကအမြဲလိုလို လွတ်မြောက်တယ်။ တိုက်ခိုက်မှုစွမ်းရည်ကလည်း သာလွန်းတဲ့အပြင် ဉာဏ်ရည်ဉာဏ်စွမ်းကလည်း ထက်မြတ်တယ်။ တစ်ကယ်ပြောတာ။ သူမသိတာတစ်ခုမှမ

WH
WH
11 min read

HEROES (Part III)

Jason Bourne သူ့အကြောင်းကိုတော့ ကျွန်တော် ဟိုတလောက ရေးသားခဲ့ဖူးတဲ့ နောက်ဆုံး Jason Bourne ဇာတ်ကား Review ထဲက စာသားတစ်ချို့ကို ယူသုံးခွင့်ပြုပါ ခင်ဗျား။ 2002 လောက်ကဖြစ်မယ်ထင်တယ်။ James Bond နဲ့ဆန့်ကျင်ဘက် ဇာတ်ကောင်တစ်ယောက် ရုပ်ရှင်လောကမှာ ပေါလာတယ်။ နာမည်ကတော့ Jason Bourne တဲ့။ သူ့ကိုကျွန်တော်တို့စတွေ့တော့ Mediterranean ပင်လယ်ထဲမှာ မျောနေတဲ့သူတစ်ယောက်အဖြစ်။ ကျောမှာလည်း သေနတ်ကျည်ပေါက်ရာ နှစ်ခုနဲ့။ ပြဿနာက သူဟာ ဘယ်ကလာပြီး ဘာဖြစ်ခဲ့လဲဆိုတာ သူကိုယ်တိုင်မသိတာပဲ။ ဒီလိုနဲ့သူတစ်ဖြည်းဖြည်းသိလာတာကတော့ သူဟာ C

WH
WH
9 min read

HEROES (Part II)

Gandhi သူ့ရဲ့နာမည်အရင်းက Mohandas Karamchand Gandhi ဖြစ်ပြီး 2 October 1869 နေ့တွင် Porbandar လို့အမည်ရတဲ့ ကမ်းရိုးတန်းမြိ ု့လေးတစ်ခုတွင် မွေးဖွားခဲ့တယ်။ သူဟာ နောက်ပိုင်းတွင် အမြော်အမြင် နှလုံးရည်ပြည့်ဝသူ လူတစ်ယောက်အဖြစ် ယနေ့တိုင် ကမ္ဘာ့ပေါ်က လူအများစုရဲ့အသိအမှတ်ပြုခြင်းကို ခံနေရဆဲပင်။ သူဟာ India ရဲ့ သူရဲကောင်းတစ်ဦးဖြစ်ခဲ့တယ်လို့ဆိုတာထက် လူတန်းစားတစ်ရပ်ရဲ့သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့တယ်လို့ဆိုပါက ပိုမှန်ကန်ပါလိမ့်မယ်။ သူဟာ မေတ္တာတရားဆိုတဲ့ ဝေါဟာရကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့သူ။ လူသားခြင်း စာနာထောက်ထာ

WH
WH
9 min read

HEROES (Part I)

ကျွန်တော် လွန်ခဲ့တဲ့ တစ်နှစ်လောက်က Villains ဆိုတဲ့ Album လေး ရေးခဲ့ဖူးပါတယ်။ လူအများစု လက်ခံကြတာကို တွေ့ခဲ့ရတော့ ပီတိဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရည်ရွယ်ချက်က လူဆိုးတွေအကြောင်းရေးတာ လူဆိုးတွေလို ပြုမူနေထိုင် ဆက်ဆံဖို့မဟုတ်ပါဘူး။ ဒါကြောင့် ယခု သူရဲကောင်းတွေ အကြောင်းကို ကျွန်တော် ရေးလိုက်တော့တယ်။ ဒီ Album လေးအတွက် ကျွန်တော်အချိန်တော်တော်လေး ပေးခဲ့ရတယ်။ Internet က စာအချို့နဲ့အပြင်စာအုပ်တွေက စာအချို့ကိုပါ Reference လုပ်ကာ မိမိရဲ့အမြင်နဲ့ပြန်လည်ရေးသားထားတာပါလို့ပြောချင်ပါတယ်။ တစ်ပုံခြင်းစီကို ဝင

WH
WH
11 min read
DOCTOR STRANGE

DOCTOR STRANGE

MARVEL ဟာ သူ့ရဲ့ကိုယ်ပိုင် Formula တစ်ခုရှိတယ်ဆိုရင် ထို Formula ဟာ အောင်မြင်သည့်အတိုင်း ထို Formula ကို အမြဲအသုံးပြုလေ့ရှိတယ်။ ဒီလိုနဲ့ပဲ ဝေဖန်ရေးဆရာတွေရဲ့အလေးပေးခြင်းကို ခံရရုံသာမက ပရိသတ်တွေရဲ့နှလုံးသားတွေကိုပါ ဖမ်းစားလာနိုင်တော့တာပေါ့။ ဒါဟာ ငြင်းဆန်လို့မရတဲ့ အမှန်တရားပဲ။ 21 ရာစု အစောပိုင်းလောက်က စတင်ပြီး ရုပ်ရှင်ပိတ်ကားတွေပေါ်မှာ နေရာယူလာတဲ့ Superheroes ဇာတ်ကားတွေဟာ ယခု 2016 မှာတော့ ဒီနှစ်အတွက် စုစုပေါင်း 6 ကားတိတိတောင် တင်ဆက်နိုင်ခဲ့ကြတယ်။ ယခု Doctor Strange ကတော့ ပရိသတ်တွေသိတဲ့အတိုင်း ဒီနှ

WH
WH
5 min read
A Monster Calls

A Monster Calls

ရုပ်ရှင်တစ်ချို့က သင့်ကိုပြုစားတတ်တယ်လို့ကျွန်တော်ကပြောရင် ယုံကြမလား။ A Monster Calls ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ပြီးသွားကြရင်တော့ ယုံကြည်သွားကြမှာပါ။ ကျွန်တော်တို့တွေ ရုပ်ရှင်တွေကို ဘာကြောင့်ကြည့်ကြတာလဲ။ အပန်းဖြေချင်လို့လား။ တွေးတောချင်လို့ လား။ ခံစားချင်လို့လား။ တစ်ချို့ရုပ်ရှင်တွေက သင့်ကို ဖျော်ဖြေရေးတွေ ဆောင်ကျဉ်းလာတတ်ပြီး တစ်ချို့ရုပ်ရှင်တွေကကြပြန်တော့ သင့်ကို စဉ်းစားစရာတွေ ပေးတယ်။ တစ်ချို့ကတော့ သင့်ကို ဝမ်းနည်းစရာတွေ ဝမ်းသာစရာတွေ အစရှိတဲ့ခံစားချက်တွေ ဖြစ်ပေါ်စေပြန်တယ်။ ဒီနှစ်ရဲ့A Monster Call

WH
WH
5 min read
Nocturnal Animals

Nocturnal Animals

ဇာတ်လမ်းအကျဉ်း (Synopsis) အမှန်တော့ ဒီအိမ်ထောင်ရေးဟာ သာယာတဲ့အိမ်ထောင်ရေးတစ်ခုတော့ မဟုတ်ဘူး။ မိမိလုပ်ကိုင်ရာနယ်ပယ်မှာ အသီးသီးအောင်မြင်ခြင်းတွေကြောင့်လည်း ထုံးစံအတိုင်း တစ်ယောက်နဲ့တစ်ယောက် ဝေးကွာလွန်းတယ်လို့ခံစားနေရတာ ကြာပြီ။ အမျိုးသားဖြစ်သူကတော့ သိပ်အရေးလုပ်ဟန်မတူ၊ သူ့စီးပွားရေးလုပ်ငန်းတွေအတွက်ပဲ အာရုံစိုက်နေသလို တစ်ခြားအပြင်မှာလည်း ပျော်စရာတွေ့ထားတာကိုး။ ဒါပေမဲ့ အမျိုးသမီးလုပ်သူကတော့ မိန်းမဆိုတဲ့အတိုင်း အေးစက်စပြုလာတဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ပြန်လည်နွေးထွေးအောင် ဆောင်ရွက်ဖို့အခွင့်သာတိုင်

WH
WH
4 min read
Interstellar

Interstellar

ပထမဆုံး ကျွန်တော်ပြောချင်တာကတော့ Christopher Nolan ရဲ့ဇာတ်ကားသစ် Interstellar ဟာ Perfect ဖြစ်တဲ့ ရုပ်ရှင်လားဆိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရုပ်ရှင်လောကမှာ ကွယ်ပျောက်လုနီးပါးဖြစ်နေတဲ့ Cinematic Experience ဆိုတဲ့ အရာကို ပြန်လည်အသက်သွင်းပေးထားပြီး ရုပ်ရှင်လောကအတွက် မရှိမဖြစ် လိုအပ်တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားပါပဲ။ လူသားတွေသည် ဒီကမ္ဘာပေါ်မှာ စတင် မွေးဖွားရှင်သန်ခဲ့ကြသည်။ သို့ပေမဲ့ ဒီကမ္ဘာပေါ်မှာ သေဆုံးသွားကြဖို့မှ မဟုတ်တာပဲ။ မဝေးတဲ့ အနာဂတ်ခေတ်တစ်ခေတ်မှာ လူသားတွေရှင်သန်နေထိုင်ရာ ကမ္ဘာကြီးသည် ရာသီဥတုပြောင

WH
WH
8 min read
Rogue One: A Star Wars Story

Rogue One: A Star Wars Story

Massive Spoilers* ဟိုးရှေးရှေးတုန်းက အလှမ်းကျယ်ဝန်းလှတဲ့ စကြာဝဋာထုကြီးရဲ့တစ်ထောင့်တစ်နေရာမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။ မကောင်းမှုနဲ့ကောင်းမှုဆိုတဲ့ ဆန့်ကျင်ဘက်အဓိပ္ပာယ် နှစ်ခုတို့ရဲ့ယှဉ်ပြိုင်ခဲ့တဲ့ တိုက်ပွဲတွေပေ့ါ။ . ကျယ်ပြန့်တဲ့ ဇာတ်လမ်းကြီးတွေကို ကြည့်ရှုရမဲ့အစား သေးငယ်တဲ့ အဖွဲ့တစ်ခုရဲ့နာမည်မကျော်ကြားခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို တင်ပြထားခြင်းဆိုတဲ့ အကြောင်းရင်းရယ် Classic Star Wars ရဲ့မူလနောက်ခံတွေကို ပြန်လည် အသက်ဝင်ခံစားခြင်းတွေရယ် ကျွန်တော်တို့တွေ လုံးဝမကြားဖူးသေးတဲ့ ဇာတ်ကောင်တွေကိ

WH
WH
8 min read
ARRIVAL

ARRIVAL

(Major Spoilers* - review မဟုတ်ပါ။) မဖိတ်ခေါ်ပဲ သူတို့ရောက်လာကြပြီ။ သူတို့ခရီးစဉ်ရဲ့ရည်ရွယ်ချက်က ဘာလဲ။ ဒါတွေဟာ ကမ္ဘာမြေမြင်ပေါ်က လူသားတွေအတွက်တော့ အသိချင်ဆုံးမေးခွန်းတစ်ခုပဲ။ ဟုတ်တယ်လေ။ တစ်ခြားကမ္ဘာတစ်ခုကလို့ယူဆလို့ရတဲ့ ယာဉ်ပျံ 12 စင်းဟာ ကမ္ဘာမြေရဲ့သီးခြားနေရာတစ်ချို့ကို တစ်ပြိုင်နက်တည်း ရောက်ရှိလာကြတယ်။ ဒါဟာသမာရိုးကျဖြစ်စဉ်တစ်ခုမှ မဟုတ်ပဲ။ ကျွန်တော်တို့လူသားတွေဟာ တစ်ခြားကမ္ဘာတွေမှာ သက်ရှိတွေ ရှိလိုရှိငြားဆိုတဲ့ ရည်ရွယ်ချက်ကလေးနဲ့တစ်ခြားကမ္ဘာမှသက်ရှိများကို ရှာဖွေနေခဲ့သည်မှာ ကြာမြင့်ခဲ့ပေပြီ။

WH
WH
5 min read
LOGAN

LOGAN

> “Nature made me a freak. Man made me a weapon. And God made it last too long.” မင်းတို့Logan လို့ သိကြတဲ့ ငါ့ကို James Howlett ဆိုတာ ငါ့နာမည်အရင်းလို့ဘယ်သူတွေက သိခဲ့ကြမှာလဲ။ ငါဟာ မင်းတို့ထင်နေကြတဲ့ စွမ်းအားရှင်သူရဲကောင်းတစ်ယောက် မဟုတ်ဘူး။ ငါဟာ လူ့ဘဝရဲ့ကျန်စာသင့်နေခဲ့တဲ့သူတစ်ယောက်ပဲ။ ငယ်စဉ်ကလေးဘဝကတည်းက ထိုကျိန်စာက ငါ့ကို အနိုင်ယူခဲ့တယ်။ ငါဒီဘဝကြီးကို မလိုချင်ဘူး။ ဖြစ်နိုင်ရင် ဘဝအသစ်တစ်ခုကို စတင်လိုက်ချင်တယ်။ သိပ်မကြာခင်မှာပဲ ငါ့ဆန္ဒတွေ ပြည့်ဝတော့မယ်ဆိုတာ ငါအလိုအလျောက် သိနေခဲ့တယ်။ . ငါ့လက်ကြား

WH
WH
3 min read
Jackie

Jackie

Jackie was a queen without a crown, who lost both her throne and her husband. ဒီစကားကိုပြောခဲ့သူကတော့ ယခုရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ Director Pablo Larraín ကိုယ်တိုင်ပါ။ American သမ္မတကြီး John F. Kennedy လုပ်ကြံခံရမှုကို ယနေ့တိုင် Media တွေ Entertainment features တွေ အမျိုးမျိုးကနေ တွေ့မြင်ခဲ့ပြီးပြီ။ ဒါပေမဲ့ ထိုနေ့က ထိုကားပေါ်မှာ လိုက်ပါလာရင်း မိမိခင်ပွန်းဖြစ်သူဟာ မိမိလက်ပေါ်မှာတင် ခေါင်းပွင့်ထွက်ကာ သေဆုံးသွားတာကို မြင်တွေ့လိုက်ရတဲ့ အမျိုးသမီးတစ်ယောက် အကြောင်းကိုပုံဖော်ခဲ့တာကြတော့ အလွန်ရှားပါး

WH
WH
5 min read
Kubo and the Two Strings

Kubo and the Two Strings

လူ့ဘဝဆိုတာ တိုတိုလေးပါ။ . ကျွန်တော်တို့ဘေးက ကျွန်တော်တို့ချစ်တဲ့သူတွေ ကျွန်တော်တို့ကို အပြီးအပိုင် ထွက်ခွာသွားချိန်မှာ ကျွန်တော်တို့ငိုယိုပြီး ကျန်ခဲ့ကြတယ်။ ကျွန်တော်တို့အားလုံးတစ်နေ့နေ့တစ်ချိန်ချိန်တွင်တော့ သေဆုံးသွားကြလိမ့်မယ်။ ထိုအချိန်တွင်တော့ ကျန်ရစ်သူများသည်လည်း ထိုနည်း၎င်း ငိုယိုပြီးကျန်ရစ်နေခဲ့ကြပေအုံးမည်။ . ဒါပေမဲ့ ကျွန်တော့်တို့တွေရဲ့ရင်ထဲ၊ နှလုံးသားထဲ၊ မှတ်ဉာဏ်တွေထဲ၊ အသိစိတ်တွေထဲမှာ အမှတ်တရတွေကျန်ရစ်နေသရွေ့မည်သူမှ တစ်ကယ်သေဆုံးသွားခြင်းမဟုတ်။ ထွက်ခွာသွားသူတို့နဲ့ပတ်သက်တဲ့ အမှတ်တရတွ

WH
WH
1 min read
P A S S E N G E R

P A S S E N G E R

ရုပ်ရှင်တစ်ကားကို ကြည့်နေစဉ်အတွင်းမှာ နောက်ဆက်တွဲဖြစ်ရပ်တွေကို သင်ခန့်မှန်းနိုင်နေပြီဆိုရင် အဆိုပါဇာတ်ကားဟာ သင့်အတွက် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါ့မလား။ ပရိသတ်အများစု အတွက်ကတော့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ လူတွေဟာ အံ့သြတာကို လိုချင်ကြတယ်။ သူတို့ကို တစ်ယောက်ယောက်က အံ့သြစရာလုပ်ရင်ပဲ ကျေနပ်ကြတယ်။ ဒါကြောင့်လည်း Surprise Birthday Parties တွေက ပိုပျော်ဖို့ကောင်းတာပေါ့။ ကျွန်တော်တို့ဇာတ်ကားတစ်ကားအကြောင်း ပြောကြရအောင်။ မနှစ်က နှစ်ကုန်ပိုင်းလောက်က ထွက်သွားတဲ့ Passengers ဆိုတဲ့ ဇာတ်ကားပါ။ အခုလောက်ဆိုရင

WH
WH
4 min read
Days of Heaven (1978)

Days of Heaven (1978)

> “Nobody's perfect. There was never a perfect person around. You just have half-angel and half-devil in you.” ဒီဇာတ်ကားဟာ အရွယ်ရောက် လူသား ၃ ယောက်ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို အခြေတည်ထားပေမဲ့ ကျွန်တော်တို့မြင်ခဲ့ရတဲ့ အမြင်တွေက ဇာတ်ကြောင်းပြောပြနေတဲ့ ဆယ်ကျော်သက်အရွယ် မီးကောင်ပေါက်စ မိန်းကလေးတစ်ယောက် ရဲ့အမြင်တွေဆီကနေပဲ။ Director Terrence Malick ပုံဖော်ခဲ့တာကလည်း ထိုမိန်းကလေးရဲ့အမြင်တွေဆီကပဲ။ . ပထမကမ္ဘာစစ်ကြီးဖြစ်ပွားနေပေမဲ့ ထိုအချိန်က အမေရိကားက အခြေခံလူတန်းစား အလုပ်သမားတွေကတော့ မိမိရဲ့နေ့စဉ

WH
WH
3 min read
B E F O R E

B E F O R E

B E F O R E ရဲ့နိဒါန်း Vienna ကို ခုတ်မောင်းနေတဲ့ ရထားတစ်စင်းပေါ်မှာ အသက်အရွယ်အနည်းငယ်ကြီးရင့်စပြုနေပြီဖြစ်တဲ့ German စုံတွဲတစ်တွဲ စကားများနေကြတယ်။ ဘယ်အကြောင်းအရာကို အခြေခံပြီး စကားများနေကြသလဲဆိုတာကိုတော့ ကျွန်တော်မသိ။ ဒါပေမဲ့ အိမ်တွင်းရေးကိစ္စတော့ ဖြစ်ဟန်တူတယ်။ သူတို့နှစ်ဦးရဲ့အငြင်းအခုန်ပွဲဟာ ရထားတွဲအတွင်းက တစ်ခြားခရီးသည်တွေကိုပါ စိတ်အနှောက်အယှက် ဖြစ်စေတယ်။ ဒါကြောင့်မို့လည်း စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ ပြင်သစ်သူ Celine ဆိုတဲ့ မိန်းမငယ်လေးဟာ ရထားတွဲရဲ့အနောက်နားက ဆိတ်ငြိမ်တဲ့ထိုင်ခုံတစ်နေရာကို ပြော

WH
WH
8 min read
D U N K I R K

D U N K I R K

ဒီနေ့ဟာ Director Christopher Nolan ရဲ့အသက် 47 နှစ်ပြည့်မွေးနေ့ပါ။ ဒီ Review ကို နောက်အပတ်မှ တင်မယ်လို့စီစဉ်ထားပေမဲ့ သူ့မွေးနေ့အတွက် ကျွန်တော့် လက်ဆောင်ကတော့ သူ့ရဲ့Dunkirk အတွက် ယခု Review ပဲဖြစ်ပါတယ်။ Happy Birthday ပါ Mr. Nolan ။ Background and History 1939 ရဲ့September လမှာ Nazi Germany ရဲ့တပ်တွေဟာ Poland နိုင်ငံကို ဝင်ရောက်ကျူးကျော်လိုက်တဲ့ အချိန်ကစပြီး ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားလာခဲ့တယ်။ ထိုအချိန်မှာတင် British နဲ့French တွေက Germany ကို စီးပွားရေးပိတ်ဆို့မှုတွေ စတင်ပြီး တရားဝင် စစ်ကြ

WH
WH
11 min read
Columbus

Columbus

အဆောက်အဦးတွေမှာ အသက်တွေရှိတယ်ဆိုရင် ဒီဇာတ်ကားရဲ့အသက်ဟာလည်း အဆောက်အဦးတွေပဲ။ . အဆောက်အဦးတိုင်းမှာ တည်ဆောက်ရခြင်းရဲ့ရည်ရွယ်ချက်တွေကိုယ်စီ ရှိတယ်။ သက်ရှိတွေ နေထိုင်ဖို့၊ လူသားတွေ စားသောက်ဖို့၊ လူသားတွေ သွားလာဖို့၊ လူသားတွေ အားလပ်ချိန်မှာ လေ့လာဖို့၊ လူသားတွေ နေမကောင်းဖြစ်ချိန်မှာ ကုသဖို့အစရှိတဲ့ ရည်ရွယ်ချက်တွေ .. . သူတို့ နှစ်ယောက်စလုံးက ကိုယ်ပိုင်ဘဝတွေရဲ့အောင်မြင်မှုတွေ ရရှိနေချိန်မှာ တွေ့ဆုံခဲ့တာတော့ မဟုတ်ဘူး။ ဆေးစွဲနေတဲ့ မိခင်တစ်ယောက်ရဲ့အောက်မှာ နေထိုင်နေရတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်နဲ့ဝေးက

WH
WH
1 min read
BATTLE OF THE SEXES

BATTLE OF THE SEXES

Bobby Riggs စိန်ခေါ်တဲ့ တင်းနစ်ရိုက်ပြိုင်ပွဲကျင်းပရာ ကွင်းထဲကို မဝင်ခင် interview သမားတစ်ယောက်က Billie Jean ကို ဘာမေးသလဲဆိုတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုတော်တယ်။ ပိုသာတယ်လို့ထင်သလား တဲ့။ Billie Jean က ချက်ချင်းလှမ်းဖြေလိုုက်တယ်။ အခု ဒီယှဉ်ပြိုင်ပွဲကြီးထဲကို သူမဝင်ရောက်လာတာဟာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုတော်တယ်ဆိုတာကို ပြချင်လို့မဟုတ်ဘူး။ အားကစားသမားတစ်ယောက်အနေနဲ့၊ နောက်ဆုံးလူသားတစ်ယောက်အနေနဲ့ပါ တန်းတူညီတဲ့ အခွင့်အရေး ရရှိဖို့ပဲဆိုတာ လှမ်းပြောလိုက်တယ်။ ဟုတ်တယ်။ သူမက ဖို မ ခွဲခြာ

WH
WH
5 min read
The Disaster Artist

The Disaster Artist

မနှစ်က La La Land ရဲ့ဆန့်ကျင်ဘက် ဇာတ်ကားတစ်ကား ဒီနှစ်ထွက်ခဲ့တယ်။ နာမည်ကတော့ The Disaster Artist ။ . လူတိုင်းနီးပါးကတော့ အနုပညာဓာတ်ခံလေးတွေ ကိုယ်စီရှိတတ်ကြတာချည်းပဲလေ။ ဒါကြောင့်လည်း စာဖတ်တဲ့သူတို့၊ တောင်ခြစ် မြောက်ခြစ် လျှောက်ခြစ်နေတဲ့သူတို့၊ အားတိုင်း သီချင်းနားထောင်တတ်တဲ့သူတို့၊ ရုပ်ရှင်ကြည့်တဲ့သူတို့ နဲ့ကျွန်တော်တို့ပတ်ဝန်းကျင်မှာတွေ့မြင်နေရတာပဲ မဟုတ်လား။ ခင်ဗျားလည်း ထိုအထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ ကိုယ်က အနုပညာလေးဓာတ်ခံရှိတယ်ဆိုပြီး အနုပညာတစ်ခု ကောက်ထလုပ်လိုက်မယ်တဲ့။ ဘာဆက်ဖြစ်မယ်ထင်သလဲ။ . Tom

WH
WH
6 min read
The Revenant

The Revenant

(Spoilers Alert*) . > “As long as you can still grab a breath, you fight. You breathe... keep breathing.” - Hugh Glass . The Revenant ရုပ်ရှင်ကို ကျွန်တော်တို့ကနဦးစွာမြင်တဲ့အမြင်က လက်စားချေခြင်းဆိုတဲ့ ဝေါဟာရရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုလိုက်တဲ့ဇာတ်ကားဆိုတာပဲ။ ဒါပေမဲ့ နှစ်တွေကြာလာတာနဲ့အမျှ ထိုရုပ်ရှင်ကို ကျွန်တော်တို့ပြန်တွေးတိုင်း အဓိပ္ပာယ်တွေ ပြောင်းလဲသွားတယ်။ နောက်ဆုံး ကျွန်တော်သိလိုက်ရတာက The Revenant ရုပ်ရှင်ဟာ လူသားနဲ့သဘာဝတရားတို့ရဲ့အားပြိုင်မှု တစ်ခုပဲလို့။ တစ်ကယ်တော့ သူလက်စားချေခဲ့တာကလည်း သဘာ

WH
WH
4 min read
Annihilation

Annihilation

> ကျွန်တော်တို့တွေ နေ့စဉ်နဲ့အမျှ မိမိကိုယ်ကို တနည်းနည်းနဲ့ဖျက်ဆီးနေကြတာလား။ Synopsis ဇာတ်လမ်းရဲ့စစချင်းမှာ အာကာသကနေ ဥက္ကာပျံသဏ္ဍာန်အရာတစ်ခု ကမ္ဘာမြေပေါ်ကို ကျလာတယ်။ ထိုအရာဟာ ပင်လယ်ကမ်းစပ်တစ်ခုဘေးနားက မီးပြတိုက်လေးတစ်ခုနားမှာ ကျရောက်သွားခဲ့တယ်။ ဒီလိုနဲ့Annihilation ဇာတ်ကားကို စဖွင့်လိုက်တယ်။ ဒီနောက် ကျွန်တော်တို့တွေ့ရတာက အမျိုးသမီးတစ်ယောက်ကို လူတစ်ချို့က အခန်းကျဉ်းငယ်လေးတစ်ခုမှာ မေးခွန်းတွေ မေးနေတယ်။ ထိုမေးတဲ့သူတွေက ကာကွယ်ရေးဝတ်စုံတွေ အပြည့်ဝတ်ဆင်ထားကြတယ်။ ထိုအမျိုးသမီးကတော့ သာမာန်အဝတ်အစားပဲ ဝတ်

WH
WH
13 min read
LOVE, SIMON

LOVE, SIMON

> Everyone deserves a great love story. Call Me by Your Name ဇာတ်ကားမှာ အမှတ်ရမိတဲ့ ဇာတ်ဝင်ခန်းကို ပြောပါဆိုရင် ဖခင်ဖြစ်သူ Mr. Perlman က သားဖြစ်သူ Elio ကို လိင်တူတစ်ယောက်ကို စိတ်ဝင်စားခြင်းဆိုတာ လောကရဲ့အမှားတစ်ခုမဟုတ်ကြောင်း ရှင်းပြခဲ့တဲ့ ဇာတ်ဝင်ခန်းဆိုရင် ယခု Love, Simon မှာ အနှစ်သက်ဆုံး ဇာတ်ဝင်ခန်းကတော့ မိခင်ဖြစ်သူ Emily က သူ မရဲ့သားဟာ ဘာပဲဖြစ်နေဖြစ်နေ သူမရဲ့သားပဲဆက်လက် ဖြစ်နေအုံးမယ်ဆိုတဲ့ အားပေး စကားပြောတဲ့ ဇာတ်ဝင်ခန်းလေးပဲ။ Simon - ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကို စဖွင့်တဲ့ Monologue အရ Simon ဆ

WH
WH
6 min read
A QUIET PLACE

A QUIET PLACE

ယခုနောက်ပိုင်း ရုပ်ရှင် Genres တွေကို သေချာပြန်သုံးသပ်ကြည့်မယ်ဆိုရင် Horror ရုပ်ရှင်အချို့ရဲ့အရည်အသွေးက Action ဇာတ်ကားတွေကို သိသိသာသာ ကျော်တက်လာတာကို တွေ့ရတယ်။ ဒါပေမဲ့ ကျွန်တော်နှစ်သက်မိတဲ့ Horror တွေကတော့ တစ်နှစ်ကို များများစားစားတော့ ထွက်လာတာ မတွေ့ရဘူး။ အလွန်ဆုံးရှိလှ ၃ ကားလောက်ပဲ။ အခုပြောမဲ့ A Quiet Place ဇာတ်ကားဟာလည်း အရည်အသွေး အပြည့်အဝနဲ့ပရိသတ်တွေရဲ့နှလုံးခုန်သံကို မြန်အောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။ . ယခုရုပ်ရှင်ဟာ ကျွန်တော်တို့ရဲ့အာရုံကြောတွေကို အစိပ်စိပ်အမွှာမွှာ ကွဲအက်စေလောက်တဲ့အထိ ဂရ

WH
WH
5 min read
Manila in the Claws of Light (1975)

Manila in the Claws of Light (1975)

Manila in the Claws of Light ကို 1978 ခုနှစ်တုန်းက Cannes ရုပ်ရှင်ပွဲတော်မှာပြတော့ ဝေဖန်ရေးဆရာတွေက ဘာပြောခဲ့သလဲဆိုတော့ “Dirty Movie” တဲ့။ ဇာတ်ကောင်တွေရဲ့ဘဝညစ်တေးမှုတွေ၊ ပတ်ဝန်းကျင်က စိတ်ဓာတ်ညစ်ညမ်းမှုတွေကို အကောင်းဆုံးသရုပ်ဖော်နိုင်ခဲ့လို့သုံးခဲ့တဲ့ အသုံးအနှုန်းတစ်ခု ဖြစ်ပါလိမ့်မယ်။ ဇာတ်ကောင်တွေဟာ အလုပ်လက်မဲ့တွေ၊ ဒုစရိုက်သမားတွေ၊ ရာဇဝတ်သားတွေ၊ အိမ်ခြေယာမဲ့တွေ၊ လိင်အလုပ်သမားတွေ အစရှိသည်ဖြင့် ထိုခေတ်က Philippines နိုင်ငံရဲ့အခြေခံအကျဆုံး လူသားတွေရဲ့ဘဝတွေကို ဖော်ပြထားနိုင်ခဲ့တယ်။ -----------------

WH
WH
4 min read
The Age of Innocence [1993]

The Age of Innocence [1993]

*Spoilers များ ပါဝင်သည်။ Martin Scorsese လို့ပြောလိုက်တာနဲ့ရုပ်ရှင်ချစ်သူတွေရဲ့အတွေးတွေထဲ စဝင်လာတာက Gangsters ရုပ်ရှင်တွေ၊ Violence တွေအသားပေးရိုက်တဲ့ Director ကြီးဆိုတဲ့ အပေါ်ယံအတွေးပဲ။ ဒါကြောင့်လည်း Martin Scorsese ရဲ့ Career ကိုသုံးသပ်ကြည့်မယ်ဆိုရင် Historical dramas ရုပ်ရှင်ဇာတ်ကားတွေဟာ အောင်မြင်မှုအလွန်နည်းပါးခဲ့တယ်လို့ပြောနိုင်တယ်။ ခပ်ဝေးဝေး မကြည့်နဲ့။ 2016 တုန်းကထွက်ခဲ့တဲ့ Silence ကို ကြည့်ရင်တောင် သိနိုင်တယ်။ Silence (2016) က သူ့အရှေ့က အောင်မြင်ခဲ့တဲ့ The Departed (2016) တို့၊ Wolf of

WH
WH
9 min read
The Life of Oharu

The Life of Oharu

The Life of Oharu ကို Director ကြီး Kenji Mizoguchi ရိုက်ကူးခဲ့တုန်းက သူ့အသက် 54 နှစ်ရှိနေပြီ။ ရုပ်ရှင်နယ်ပယ်မှာ ကျင်လည်ခဲ့တာလည်း ဆယ်စုနှစ်သုံးစုနီးပါး ရှိနေခဲ့ပြီ။ ဒါပေမဲ့ Japanese လူ့အဖွဲ့အစည်းတွေထဲမှာ ရှင်သန်နေရတဲ့ အမျိုးသမီးတွေရဲ့ဘဝကို 1952 ခုနှစ်မှာ သူဖန်တီးခဲ့တယ်။ သူထိုရုပ်ရှင်ဖန်တီးခဲ့တဲ့ ခေတ်ကာလတစ်ခုကို အခြေပြုထားခဲ့တဲ့ ဇာတ်လမ်းတော့ မဟုတ်ဘူး။ 17 ရာစုဝန်းကျင်က အမျိုးသမီးတစ်ယောက်ရဲ့ဘဝကို သူရင်နာဖွယ် တင်ပြခဲ့တယ်။ ထိုအမျိုးသမီးရဲ့နာမည်ကတော့ Oharu ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ရုပ်ရှင်ဝေဖန်ရေးဆရာ

WH
WH
6 min read

My Favourite Movie Quotes (Part I)

WH
WH
1 min read

My Favourite Movie Quotes (Part II)

WH
WH
1 min read
BLADE RUNNER 2049

BLADE RUNNER 2049

ရုပ်ရှင်လောကမှာ sci-fi ဇာတ်ကားလို့ပြောလိုက်ရင် Star Wars ပြီးရင် ပရိသတ်တိုင်းရဲ့ရင်ထဲမှာ နှစ်ပေါင်းများစွာကိန်းအောင်းနေခဲ့တဲ့ နောက်ထပ်တစ်ကားက 1982 ခုနှစ်က ထွက်ခဲ့တဲ့ Blade Runner ဇာတ်ကားပါပဲ။ ထိုမူရင်း Blade Runner ဇာတ်ကားဟာ ရုပ်ရှင်ပရိသတ်တွေအကုန်လုံးနီးပါးရဲ့ အနှစ်သက်ဆုံး sci-fi ဇာတ်ကားတစ်ကားဖြစ်ခဲ့တယ်။ sci-fi genre မှာ ယခုထိလည်း မူရင်းBlade Runner ဇာတ်ကားထက် ပိုမိုကောင်းမွန်တဲ့ ဇာတ်ကားကို မည်သူမှ မရိုက်ကူးနိုင်ခဲ့သေးပါဘူး။ ထိုဇာတ်ကား စစဖွင့်ခြင်း မိနစ်အနည်းငယ်မှာတင်ပဲ ထိုရုပ်ရှင်တင်ပြခဲ့တဲ့ အမ

WH
WH
14 min read