Me before You

လူတစ်ချို့ကို ကျွန်တော်တို့ပြုပြင်ပြောင်းလဲပေးလို့မရနိုင်ပါ။
ဒါဆို ကျွန်တော်တို့ဘာလုပ်ပေးနိုင်ကြသလဲ?
ကျွန်တော်တို့လုပ်ပေးနိုင်တာ တစ်ခုကတော့ သူတို့တွေကို ချစ်ပေးနိုင်တာတစ်ခုပဲ။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ အကူအညီခံချင်တဲ့ လူတွေကိုပဲ ကူညီလို့ ရနိုင်ပြီး မကူညီခံချင်တဲ့ သူတွေကိုတော့ နားလည်မှုတွေပဲ ပေးစွမ်းနိုင်ကြလို့ပါပဲ။


ဒီနှစ်ကြည့်ဖူးသမျှထဲမှာ Romantic အဆန်ဆုံးဇာတ်ကားတစ်ကားလို့ဆိုထိုက်ပေမဲ့ ....
အချစ်ဆိုတဲ့ စိတ်ခံစားမှုတစ်ခုနဲ့အသက်ရှင်နေထိုင်မှုဆိုတဲ့ ဘဝဆုံးဖြတ်ချက်တစ်ခုတို့အားပြိုင်လွန်ဆွဲခဲ့တဲ့ ပြိုင်ပွဲတစ်ခုအဖြစ်လည်း မြင်ခဲ့ရတယ်။

ဇာတ်ကားတစ်ကားရဲ့အဆုံးမှာ အတွေးတိမ်တိုက်တွေ လွင့်မျောလေ့ရှိတဲ့အတိုင်း Me before You ဇာတ်ကားရဲ့အဆုံးမှာ ကျွန်တော်တွေးမိတာတစ်ခုကတော့ "အကယ်၍ ငါသာ ဒုက္ခိတဘဝနဲ့ဘဝရဲ့ကျန်ရှိနေတဲ့ အချိန်တွေကို ကုန်ဆုံးရတော့မယ်ဆိုရင် ပျော်ရွှင်စွာနဲ့အရှုံးမပေးပဲ ဆက်လက်ရှင်သန်ဖို့ကြိုးစားမလား? အဆုံးသတ် တစ်ခုခုကို ရွေးချယ်မလား" ဆိုတဲ့ အတွေးပဲ။ ဒီဇာတ်ကားရဲ့ ဇာတ်သိမ်းဟာ လူတိုင်းကို ထိုအတွေး ဝင်စေခဲ့မှာတော့ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ အဆုံးသတ်ဟာ ဘဝရှင်သန်နေထိုင်မှုရဲ့ဆန့်ကျင်ဘက်နှစ်ခုကို ယှဉ်ပြ သွားခဲ့လို့ပဲ။

သင်ဟာ ဘဝမှာ အရာတစ်ခုခုကို စွန့်လွှတ်ချင် စွန့်လွှတ်ရလိမ့်မယ်။ သေးငယ်တဲ့ အရာတစ်ခုဖြစ်နိုင်သလို ကြီးမားတဲ့ အရာတွေလည်းဖြစ်နိုင်တယ်။ ဒါပေမဲ့ သေချာတာက သင်ဟာ ဘဝကို အရှုံးမပေးခဲ့ဘူးဆိုတာပဲ။

"Push yourself. Don’t settle. Just live well. Just LIVE."

~WH~