Cloud Atlas

Cloud Atlas

ဒီဇာတ်ကားကို အချိန်ကာလ 6 ခုမှာဖြစ်ပျက်ခဲ့တဲံ ဇာတ်လမ်း 6 ခုနဲ့တင်ဆက်ပြသထားခဲ့ပါတယ်။
Pacific Islands, 1849
Adam Ewing ဆိုသူ American ရှေ့နေတစ်ဦးသည် သူ့ဧ။် ယောက်ခမဖြစ်သူရဲ့မပြီးပြတ်သော စီးပွားရေးလုပ်ငန်းတစ်ခုကို အပြီးသတ်ရန် New Zealand ပိုင်သော Pacific သမုဒ္ဒရာရှိ Chatham Islands သို့လာရောက်လေရာ လူမည်းကျွန်များကို မညှာမတာ နှိပ်စက်မှုများကိုမထင်မှတ်ပဲတွေ့ရှိခဲ့ရသော အဖြစ်အပျက်များနှင့် သဟဇာတမတည့်သော ရာသီဥတု အခြေအနေများကြောင့် နေမကောင်းဖြစ်ရာ Dr. Henry Goose ဆိုသော ဆရာဝန်တစ်ဦးဧ။် ကုသသော ဆေးဝါးများကို မှီဝဲနေရသည်။ အပြန်ခရီးတွင် ရောဂါဝေဒနာသည် မသက်သာပဲပို၍ဆိုးရွားလာလေသည်။ ထို့အပြင် သူပြန်သော လှေသင်္ဘောပေါ်တွင် ကျွန်းပေါ်က တွေ့ခဲ့ရသော လူမည်း ကျွန်တစ်ဦး ခိုးလိုက်လာသည်ကို တွေ့ရှိရသည့်အပြင် Dr.Goose ဧ။်ဆေးဝါးများကို သံသယဝင်လာသောအခါ...
Cambridge, 1936
Robert Frobisher ဆိုသော English လူမျိုး bisexual တေးဂီတပညာရှင်ငယ်တစ်ဦးသည် အသက်အရွယ်အိုမင်းနေသော Vyvyan Ayrs ဆိုသူ တေးဂီတပညာရှင်ကြီးထံတွင် ပညာသင်ရင်း အလုပ်လာရောက်လုပ်ကိုင်ရာ အားလပ်ချိန်များတွင် စာအုပ်စင်များမှ 1849 မှ Adam Ewing ဆိုသူဧ။် Diary Journal စာအုပ်ကိုဖတ်ရင်း သူ့ဧ။် ချစ်သူဖြစ်သူ Rufus Sixsmith ဆိုသူအမျိုးသားတစ်ဦးဆီကိုလည်း စာတွေရေးရင်း ဇတ်ကြောင်းကိုပြောပြနေသည်။ တစ်နေ့တွင် သူဖော်စပ်နေသော The Cloud Atlas Sextet အောင်မြင်စွာပြီးဆုံး၍ Vyvyan ကိုအသိပေးရာ credit ယူချင်နေသော Vyvyan ကို Robert တစ်ယောက် သေနတ်ဖြင့် ပစ်သတ်လိုက်လေရာ...
San Francisco, 1973
အသက်ကြီးရင့်လာသော Rufus Sixsmith သည် nuclear physicist တစ်ယောက်ဖြစ်နေလေပြီ။ သူ အလုပ်လုပ်ကိုင်နေသော Nuclear ဓာတ်ပေါင်းဖိုမှ အန္တရယ်ရှိမှု safety concerns conspiracy တွေကို Journalist တစ်ယောက်ဖြစ်သော Luisa Rey ဆိုသူအမျိုးသမီးတစ်ဦးကို ဖွင့်ဟပြောပြလိုက်လေသည်။ Lloyd Hooks ဆိုသူ Nuclear ဓာတ်ပေါင်းဖို ပိုင်ရှင်သူဌေးဧ။် hitman တစ်ဦးဖြစ်သော Bill Smoke သည် Rufus Sixsmith ကိုသတ်ဖြတ်နှုတ်ပိတ်ခဲ့လေသည်။ Luisa Rey သည် Sixsmith ဆီမှ Robert Fisher ပို့ခဲ့သော စာများကိုရခဲ့ကာ Robert ဧ။် Cloud Atlas Sextet ကိုပါတွေ့ရှိခဲ့လသည်။ သို့သော် Bill Smoke သည် Luisa Rey ကိုပါသတ်ဖြတ်နှုတ်ပိတ်ရန်ကြိုးပမ်းလာသောအခါ...
London, 2012
နောက်ဆုံးထုတ်ဝေခဲ့သောစာအုပ်ဧ။် ပြသာနာများမှ ကင်းဝေးရန် အသက် 65 နှစ်အရွယ်ရှိ Timothy Cavendish ဆိုသူစာအုပ်ထုတ်ဝေသူတစ်ဦးသည် ညီဖြစ်သူ Denholme ကိုနေစရာတစ်နေရာ ပေးရန် အကူအညီတောင်းခံရာ Denholme သည် Timothy ကိုလူအိုရုံတစ်ရုံကို ပို့ပေးခဲ့သည်။ လူအိုရုံတွင် အမြဲ အနိုင်ကျင့်နေသော သူနာပြ ုမကြီးတစ်ဦးဧ။် ရန်ကို ကင်းဝေးရန် တစ်ညတွင် Timothy ဦးဆောင်သော လူအိုတစ်စုတို့ထို လူအိုရုံမှထွက်ပြေးကြလေရာ...
Neo Seoul, 2144
ထိုခေတ်တွင် genetically အရ engineering ပြုလုပ်ထားသော fabricant တွေသည် စားသောက်ဆိုင်များတွင် အလုပ်လုပ်ကိုင်ရသော Human clonesတွေသာဖြစ်ပေသည်။ ထို Fabricant များထဲတွင်ပါဝင်သော Sonmi~451 ကို Union ဆိုသော ပုန်ကန်ရေးအဖွဲ့အစည်း တစ်ခုရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်သော Commander Hae-Joo Chang သည်ကယ်ဆယ်ခဲ့ကာ သူမနေထိုင်သော လောကကြီးရဲ ပြင်ပကိုခေါ်ဆောင်ပြသခဲ့သည်။ ကျွန်စနစ်ကို အခြေခံထားသော ထိုခေတ်လူ့အဖွဲ့အစည်းကြီးကို သိမြင်လာသော Sonmi~451 တစ်ယောက် Hae-Joo Chang နှင့် ပူးပေါင်း၍ တော်လှန်ရေးကြီးစတင်လာသောအခါ...
Big Isle, 106 winters after The Fall
ကမ္ဘာကြီးပျက်စီးသွားကာ ကျန်ရှိနေခဲ့သော လူတစ်ချို့သည် The Valley ဟုခေါ်သော ရှေးဦးကျောက်ခေတ်ပုံစံ လူ့အဖွဲ့အစည်းစနစ်မျိုးဖြင့် နေထိုင်နေရကြသည်။ ထိုခေတ်တွင် လူတို့သည် Sonmi~451 ကို Sonmi နတ်ဘုရားမတစ်ပါးအဖြစ်ကိုးကွယ်နေကြသည်။ ထိုအထဲတွင် Old Georgie ဟုခေါ်သော မကောင်းဆိုးဝါးအသွင်ဖြင့် စိတ်ထဲတွင် မကြာခဏဖြစ်ပေါ်လေ့ရှိသော Zachry ဆိုသူ သတ္တိအားနည်းသော လူတစ်ဦးလည်းပါဝင်သည်။ Kona ဟုခေါ်သော လူသားစားအဖွဲ့သည် Zachry ဧ။်ယောက်ဖနှင့် တူဖြစ်သူကိုသတ်ဖြတ်ကာ Zachry တို့ရွာကိုလည်း ဖြတ်ဆီးပစ်ခဲ့သည်။ "Prescients" ဟုခေါ်သော နည်းပညာမြင့်မားသော လူ့အဖွဲ့အစည်းမှ Meronym ဆိုသူအမျိုးသမီးသည် Mauna Sol ဟုအမည်ရ အသုံးမပြ ုတော့သည့် စွန့်ပစ် ဆက်သွယ်ရေးစခန်းတစ်ခုဆီသို့လာရောက်ရန် Zachry တို့ရွာကိုရောက်ရှိလာလေသည်။ တူမဖြစ်သူ့ဧ။်အသက်ကိုကယ်တင်ရန် Zachry သည် Meronym နှင့် အပေးအယူလုပ်ကာ Meronym သွားချင်သော ဆက်သွယ်ရေး စခန်း ဟောင်းကြီးရှိရာ တောင်ကိုလမ်းပြခေါ်ဆောင်သွားရာ ထိုဆက်သွယ်ရေးစခန်းကြီးတွင် သူတို့ကိုးကွယ်နေသော Sonmi ဧ။်အဖြစ်မှန်ကို သိလာသောအခါ...
MATRIX Trilogy ကိုရိုက်ကူးခဲ့သော Lana Wachowski, Andy Wachowski နှင့် Run Lola, Run ကိုရိုက်ကူးခဲ့သော German Director Tom Tykwer တို့ရဲ့မည်သို့မျှ ရုပ်ရှင်ရိုက်ကူးမရနိုင်မည်ဟု နာမည်ကြီးခဲ့သော David Mitchell ရဲ့Cloud Atlas စာအုပ်ကို အခြေခံ၍ ရိုက်ကူးလက်စွမ်းပြသခဲ့သည်။ သရုပ်ဆောင်တွေကိုပြောရမည်ဆိုလျှင် Tom Hanks, Halle Berry, Jim Broadbent, Hugo Weaving, Jim Sturgess, Doona Bae, Ben Whishaw, James D'Arcy, Zhou Xun, Keith David, David Gyasi, Susan Sarandon နှင့် Hugh Grant တို့သည်ဇာတ်လမ်း 6 ခုစလုံးတွင် ဇာတ်ကောင် တစ်ယောက်ထက်မက ပို၍သရုပ်ဆောင်ပေးခဲ့ကြသည်။ တစ်ချို့အမျိုးသမီး သရုပ်ဆောင်များသည် အမျိုးသားများအဖြစ် သရုပ်ဆောင်ပေးခဲ့ရသလို တစ်ချို့အမျိုးသား သရုပ်ဆောင်များသည်လည်း အမျိုးသမီးဇာတ်ကောင်များအဖြစ် သရုပ်ဆောင်ပေးကြရသည်။
ဒီဇာတ်ကားထဲတွင် ကျွန်တော်တို့တွေ လူသားများဧ။် စိတ်ဖြစ်ပျက်မှူဆိုင်ရာ Psychology၊ တရားမမျှတခြင်းများ၊ ရက်စက်ကြမ်းကြ ူတ်ခြင်းများအပြင် ထိုမှ ရရှိလာသော စိတ်ဝေဒနာ sufferings များအပြင် ကျွန်တော်တို့ရဲ့လူ့ဘဝရဲ့တန်ဖိုးများကို ဖော်ကျူးထားပြီး သဘာဝတရားကြီးရဲ့ဖြစ်တည်မှုများနှင့် ကျယ်ပြန့်သော စကြာဝဠာကြီးကိုပါ တင်ပြထားခဲ့ပါတယ်။ တစ်ကယ့်တော့ ဒီဇာတ်ကားရဲ့ချီးကျူးစရာကတော့ directors များရဲ့ဇာတ်ကြောင်းပြောခြင်း ဆိုတဲ့ storytelling ပါပဲ။ နေရာဒေသ သာမက အချိန်ကာလအားဖြင့်ပါ ဝေးကွာလွန်းလှသော ကွားခြားသော ဇာတ်ကောင်များဖြင့်တည်ဆောက်ထားသော ဇာတ်လမ်း 6 ခုကို တစ်ပြိုင်နက်တည်း တင်ပြနိုင်မှုပါ။ ဇာတ်လမ်းများသည် ကိုယ်စီ အတူူတူစ၍ အတူတူ ဇာတ်ရှိန်မြင့်မားလာကာ အတူတူ ဇာတ်သိမ်းခဲ့ကြသည်။ ထိုအချက်သည် နားလည်ရ အလွန်ခက်ခဲသော ဒီဇာတ်ကားကို နားလည်စေရန် အထောက်အကူပါဖြစ်စေသကဲ့သို့ဇာတ်ကြောင်းပြောမှုကိုပါပို၍လွယ်ကူစေသည်။
ထိုအခါမေးခွန်းသည် ထိုဇာတ်လမ်းများတွင်ပါဝင်နေကြသော ဇာတ်ကောင်များသည် အသက်သေ၍ နောင်ဘဝများတွင် ပြန်လည်ဝင်စားနေကြသော တူညီသော ဇာတ်ကောင်တွေလား? အတိအကျတော့ မဟုတ်ပါ။ ဇာတ်ကောင်များသည် တူညီခြင်းမဟုတ်ပဲ အဖြစ်အပျက်များသည်သည ဆက်စပ်နေခြင်းပင်ဖြစ်သည်။ ကျွန်တော်တို့ဘဝတွင် ဖြစ်ပျက်နေသော အရာတစ်ချို့သည် တစ်ချိန်တစ်ခါက လူ့တစ်ဦးတစ်ယောက် သို့မဟုတ် လူ့တစ်စုဧ။် လုပ်ဆောင်ချက် အချိ ု့ဧ။် အကျိုးတရားများပင်ဖြစ်သည်။ ထို့အတုူ ကျွန်တော်တို့ယခုလုပ်ဆောင်နေသော အရာတစ်ချို့သည်လည်း နောင်တစ်ချိန်တစ်ခါတွင် လူ့တစ်ဦးတစ်ယောက် သို့မဟုတ် လူတစ်စုကို အကျိုးသက်ရောက်မှုတစ်ခုဖြစ်စေလိမ့်မည်။ အကြောင်းတရားများနှင့် အကျိုးတရားများဧ။် ဆက်စပ်ပုံနှင့် လောကတွင် အလုံးစုံသောအရာများသည် ဆက်စပ်နေသည်ကို ဒီဇာတ်ကားတွင် မြင်တွေ့ခဲ့ရသည်။
ဒီဇာတ်ကားနှင့် ဆက်စပ်နေသောကြောင့် ကျွန်တော့်ကြားခဲ့ဖူးသော လူတစ်ဦးဧ။် စကားကိုပြောပြရမည်ဆိုပါလျှင် "လူသားတိုင်းသည် လောကကြီးကို တစ်နေရာရာက ရောက်လာကြ၍ လောကကြီးအတွက် တစ်စုံတစ်ရာ ဖြည့်စည်းပေးသွားရင်း တစ်နေရာရာကို ထွက်ခွာသွားကြတယ်"

IMDb Rating: 7.6/10Rotten Tomatoes Rating: 66%
~WH~

I believe there is a another world waiting for us, Sixsmith. A better world. And I'll be waiting for you there. Our lives are not our own. From womb to tomb, we are bound to others. Past and present. And by each crime and every kindness, we birth our future. Sixsmith, I shot myself through the roof of my mouth this morning with Vivian Ayrs' Luger. A true suicide is a paced, disciplined certainty. People pontificate "suicide is shelfisness," while career churchmen like Pater call it a coward's act typically because they lack the necessary suffering to sympathise. Couldn't be further from the truth; suicide takes tremendous courage. Sixsmith. I climb the steps of the Scot monument every morning and all becomes clear. Wish I could make you see this brightness. Don't worry, all is well. All is so perfectly, damnably well. I understand now that boundaries between noise and sound are conventions. All boundaries are conventions, waiting to be transcended. One may transcend any convention if only one can first conceive of doing so. Moments like this, I can feel your heart beating as clearly as I feel my own, and I know that separation is an illusion. My life extends far beyond the limitations of me. I believe death is only a door. When it closes, another opens. If I cared to imagine a heaven, I would imagine a door opening and behind it, I would find him there. I call it the "Cloud Atlas Sextet"

WH
WH
4 min read