Edge of Tomorrow

Edge of Tomorrow

ဇာတ်ကားနာမည်ကို All you need is kill မှ Edge of Tomorrow အဖြစ်သို့ပြောင်းလဲခြင်းတွေ..
ဇာတ်ညွှန်းရေးဆရာ အပြာင်းအလဲတွေ...
နောက်ဆုံး minutes တွေမှ casting အသစ်တွေထပ်လုပ်လို့ပြန်ရိုက်ခဲ့ရတဲ့ အခန်းတွေ ကြောင့်
ဒီကားကိုသာ Director Doug Liman သာမရိုက်ခဲ့ဘူးဆိုရင် ကျွန်တော် စိတ်ပူနေမိမှာ အမှန်ပဲလို့ ကျွန်တော် လွန်ခဲ့သော် 1 လကျော်ကျော်လောက်က ဒီကားလေးကို Preview ရေးတုန်းကပြောဖူးခဲ့ပါတယ်။ ဟုတ်ပါတယ်။ ဒီကားကို စိတ်ပူပြီးသွားကြည့်ခဲ့ရတာပါ။ ဒါပေမဲ့ ဇာတ်ကားအပြီးမှာတော့ ကျွန်တော်စိတ်ပူမှု တွေဟာ ပျောက်ဆုံးခဲ့ရပါတော့တယ်။

ကမ္ဘာမြေပေါ်ကို Mimics ဟုခေါ်သော ပြင်ပမ္ဘာမှ ဂြိုလ်သားများ စတင်လာရောက် ကျူးကျော်လာခဲ့သည်မှာ 5 နှစ်ပင်ကျော်လာခဲ့ပြီ။ လူသားများနှင့် ထို Mimics တို့ကြားဖြစ်ပွားခဲ့သော် စစ်ပွဲများတွင် Battle of Verden သည် အထင်ကရ စစ်ပွဲတစ်ခုဖြစ်ခဲ့သည်။ လူသားတို့ အတွက် Verden စစ်ပွဲကို အောင်နိုင်စေခဲ့သည့် Jackets ခေါ် Exoskeletons များကိုဝတ်ဆင်ကာ လူသားများသည် နောက်တိုက်မည့် Operation Downfall ဆိုသော အထင်ကရစစ်ပွဲတစ်ခုကို တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။

တိုက်ခိုက်မှု အရည်အသွေး လုံးဝမရှိပဲ တိုက်ခိုက်မှု အတွေ့အကြံ ုမရှိသော American စစ်တပ်မှ  Major William Cage ဆိုသူ သည် London ရှိ General Brigham ဆိုသူနှင့်သွားတွေ့ဆုံမှုသည် Operation Downfall တွင်ကိုယ်တိုင်ပါဝင် ဝင်ရောက် ဆင်နွဲ တိုက်ခိုက်ရန် သူ့အတွက် မည့်သို့မျှ မမျှော်လင့်ထားသော တာဝန်တစ်ခုကို ပေးအပ်ခြင်းခံခဲ့ရသည်။ General Brigham ကို Blackmail လုပ်ရန် ခြိမ်းခြောက်မှုကြောင့် ရာထူးပါအချခံခဲ့ရကာ နောက်တစ်နေ့မနက်သူ နိုးလာချိန်တွင် Heathrow Airport ရှိအခြေစိုက် စခန်းကို ရောက်ရှိနေလေတော့သည်။

ကြောက်လည်းကြောက်... အတွေ့အကြံ ုလည်းမရှိ ကိုယ်နဲ့မရင်းနှီးသော နေရာ လူတွေနှင့် မမျှော်လင့်ထားသော စစ်ပွဲကြီးတစ်ခုကို တိုက်ခိုက်ရသော အခါ မမျှော်လင့်စွာပဲ Cage သည် Alpha ဆိုသည့် Mimic တစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့မှုနှင့် အတူ သူပါ သေဆုံးသွားခဲ့ပြီး သူရဲ့ကိုယ်ထဲကို Alpha Mimic ရဲ့သွေးများဝင်ရောက်သွားခဲ့ကာ ... ရုတ်တရက် ပြန်နိုးလာသောအခါ Heathrow Airport မှာ သူရှိနေခဲ့သော မနေ့ကအချိန်ကို ပြန်လည်ရောက်ရှိသွားလေတော့သည်။ ထို့နောက် နောက်တစ်နေ့မနက်တွင် ထို စစ်ပွဲကို ပဲပြန်လည် တိုက်ခိုက်ကာ သူ သည်နောက်တစ်ကြိမ် ထပ်မံသေဆုံးသွားရပြန်ကာ သူ ပြန်သတိရလာတိုင်း မနေ့က လွန်ခဲ့သော 24 နာရီကို ပြန်ရောက်သွားခဲ့သည်။ အကြိမ်ရေပေါင်းများစွာ ထို အဖြစ်အပျက်တွေကို တွေ့ကြုံခံစားလာရကာ သူ့ပတ်ဝန်းကျင်က လူသားတွေကို အဖြစ်အပျက်တွေ ပြောပြပြန်သော်လည်း ယုံနိုင်စရာမရှိ၍ မယုံကြည်ခဲ့ကြပေ။ ဒါပေမဲ့ တစ်နေ့ ထို Operation Downfall တိုက်ပွဲတစ်ခုတွင် Angel of Verdun ဟုနာမည်ကြီးနေသော နောက်ကွယ်တွင် Full Metal Bitch ဟုအခေါ်ခံရသော Rita Vrataski အမည်ရသည့် နာမည်ကြီး စစ်သမီးတစ်ယောက်ကို Cage က ကယ်တင်ရန်ကြိ ူစားခဲ့သောအခါ Rita သည် Cage ဧ။် အဖြစ်အပျက်တွေကို သိနေသည့်အလား "Come find me when you wake up" ပြောဆိုသွားသောအခါ......

Director Doug Liman ရိုက်ကူးခဲ့ကာ Tom Cruise, Emily Blunt နှင့် Bill Paxton တို့ပါဝင်သရုပ်ပေးထားကြတဲ့ ဒီ Edge of Tomorrow ဇာတ်ကားသစ်လေးဟာ စာရေးဆရာကြီး Hiroshi Sakurazaka ရေးသားထားပြီး Yoshitoshi ABe ပုံသရုပ်ဖော်ပေးခဲ့သော Japanese Light Novel တစ်ခုဖြစ်တဲ့ All you need is kill ကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ 2004 ကစာအုပ်ထွက်ရှိခဲ့ပေမဲ့ Warner Bros. က 2010 မှာ $3 Million နဲ့ဝယ်ယူခဲ့တာဟာ ဇာတ်ညွှန်းရေးဆရာ Dante Harper ရေးသားခဲ့ပြီး ထိုအချိန်က Blacklist ထဲရောက်ရှိနေတဲ့ ဇာတ်ညွှန်းတစ်ပုဒ်ပါ။ ဇာတ်ညွှန်းကိုလည်း စာရေးဆရာပေါင်းများစွာနဲ့ပြင်ဆင်ခဲ့မှတွေကြောင့် ရုပ်ရှင်စရိုက်တဲ့ အချိန်ထိ ဇာတ်သိမ်းကို ရေးမပြီးသေးလို့Warner Bros. က အဆုံးမရှိသေးတဲ့ ဇာတ်ကားတစ်ကားကို ရိုက်နေရလို့စိတ်ပူတဲ့ အဆင့်ထိတောင် ရောက်ခဲ့ရပါသေးတယ်။ ဒီကားရဲ့ဇာတ်ညွှန်းအတွက် အချိန်ပေးခဲ့တာ 4 နှစ်တိတိကြာမြင့်ခဲ့ရပါတယ်။

ဒီကားမှာ ကျွန်တော်တို့Tom Cruise ကိုအရင်က တစ်ခါမှ မမြင်ဖူးတဲ့ ကြောက်တတ်တဲ့ စရိုက်ရှိတဲ့ ဇာတ်ကောင်တစ်ယောက်အဖြစ်နဲ့တွေ့မြင်ခဲ့ရပါတယ်။ အံ့သြဖို့တော့ကောင်းပါတယ်။ Mission Impossible ဇာတ်ကားတွေမှာ မကြောက်မရွံ အရာရာကို လုပ်တတ်တဲ့ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်တဲ့ Tom Cruise ဒီကားမှာ ကြောက်တတ်တဲ့ သူအဖြစ် သရုပ်ဆောင်တော့ ပီပြင်ခဲ့တာပါပဲ။ များသောအားဖြင့် ဇာတ်ကားတွေမှာ မင်းသားက အစပိုင်းမှာ ကြောက်တတ်ကာ နောက်ဆုးံမှာတော့ Hero ကြီးဖြစ်သွားတတ်ကြတာချည်းပါပဲ။ ဒါပေမဲ့ ဒီကားမှာတော့ ဒီ Cage ဇာတ်ကောင်ဟာ အဆုံးထိလည်း ကြောက်တတ်တဲ့ လူတစ်ယောက်ပါပဲ။ Emily Blunt ရဲ့ဇာတ်ကောင်ဖြစ်တဲ့ Rita ကတော့ Harden Soldier တစ်ယောက်အဖြစ်နဲ့တွေ့မြင်ခဲ့ရကာ တိုက်ပွဲမြေမှာ အတွေ့အကြုံတွေများပြားသောကြောင့် ခံစားမှူူတွေကို ပိတ်ပင်ထားသော Lethal Weapon တစ်ခုဟုမြင်ခဲ့မိပါတယ်။ ဒီကားအတွက် ပြင်ဆင်မှုတွေအတွက် Emily Blunt ရဲ့ပြောပြချက်အရ ဒီကားရိုက်ကူးနေစဉ်အချိန်တွေမှာ နေ့ရက်တိုင်း မင်းသား Tom Cruise နဲ့အတူ မနက် 5 နာရီထဲက ထပြီး Gym ကစားရပါတယ်လို့သိရပါတယ်။ မလွယ်ဘူူးနော်။ ပြီးတော့ သူမဟာ Martial Art တွေ Fight Skills တွေ Stunt Training တွေ ရယ် Wirework တွေရယ် အပြင် Weight Lifting တွေပါလုပ်ခဲ့ရတယ်လို့ဆိုပါတယ်။

ဒီကား ရိုက်ကူးရေးရဲ့ထူးဆန်းတဲ့ fact တစ်ခုကတော့ London က Trafalgar Square မှာ Helicopter ဆင်းတဲ့ အခန်းရိုက်ကူးရေးအတွက် November 24, 2012 Sunday မနက်ခင်းကြီးမှာ ထို Trafalgar Square ကြီးကို Public တွေအတွက် 3 နာရီလောက် ပိတ်ပြီးရိုက်ကူခဲ့ရပါတယ်။ ထိုအခန်းအတွက် Camera 11 လုံးကို ပြိုင်တူ ထောင့်ပေါင်းစုံက ရိုက်ကူးခဲ့တာပါ။ ထို့အတွက်ကြောင့် Film မှာ Cameraman တွေပေါ်လာမှာစိုးရိမ်လို့ထို Cameraman 11 ယောက်စလုံးကို စစ်တပ်အဝတ်အစားတွေ ဝတ်ဆင်ပေးထားခဲ့ရပါတယ်။ ဒီကားမှာတွေ့မြင်ကြရတဲ့ သရုပ်ဆောင်တွေ ဝတ်ဆင်ထားကြတဲ့ Exoskeletons suits တွေဟာ ပျမ်းမျှအားဖြင့် 85 pounds (39 kg) အလေးချိန်ရှိပါတယ်။ Sniper rifle နဲ့ rocket launcher တို့ပါဝင်တဲ့ အလေးဆုံး suit ဝတ်စုံကတော့ 130 pounds (59 kg) ပါပဲ။ သရုပ်ဆောင်တွေဟာ ထိုကဲ့သို့သော် လေးလံတဲ့ ဝတ်စုံတွေကို အမှန်တစ်ကယ်ဝတ်ဆင်ခဲ့ကြကာ ပြေးလွှား တိုက်ခိုက်တဲ့အခန်းတွေကို ရိုက်ကူခဲ့ကြရတာပါ။ သရုပ်ဆောင်တိုင်းအတွက် ထို ဝတ်စုံတွေကို ဝတ်ပေးရန် လူ 4 ယောက်ထားရှိရပါတယ်။ ရိုက်ကူးရေးအစပိုင်းမှာ Tom Cruise ကိုထို ဝတ်စုံဝတ်ပေးရတဲ့ အခိျိန်မှာ မိနစ် 30 ခန့်ဖြစ်ပြီး ပြန်ချွတ်ရတဲ့ အချိန်ဟာလည်း နောက်ထပ် မိနစ် 30 ထပ်ကြာမြင့်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ Seconds 30 ပဲကြာမြင့်ပါတော့တယ်တဲ့။

ဒီကားလေးဟာကြည့်ရှုနေသူ ပရိသတ်တွေအတွက် ရသစုံကိုပေးခဲ့ပါတယ်။ စိတ်ဝင်စားစရာတွေရော.. စိတ်လှုပ်ရှားစရာတွေရော ..ရံဖန်ရံခါ အမှတ်မထင်ဝင်ရောက်လာတဲ့ ဟာသလေးတွေရော... တစ်ကားလုံးကိုပြည့်နှက်နေတဲ့ Action ခန်းတွေရောအပြင် dramatic ဆန်ဆန် စိတ်ခံစားမှုမျိုးလေးတွေနဲ့အရိပ်အမွတ်လေးတွေ့မြင်ခဲ့ရတဲ့ ချစ်ခြင်းတရားလေးတွေရောပါ ပြည့်စုံနေခဲ့ပါတယ်။ Time Loop ကိုအခြေခံထားတဲ့ Concept ကလည်း Grand scale ကျတာကတစ်ကြောင်းနဲ့ဇာတ်ညွှန်းရယ် တည်းဖြတ်သမားတွေရဲ့ပါရမီတွေကြောင့် ဒီကားလေးဟာ Blockbuster with brains လို့တောင်ခေါ်ရမလိုပါပဲ။ ကျွန်တော်တို့X-Men: Days of Future Past တို့ Godzilla တို့လိုကားတွေမှာ Trailers တွေကြည့်ရုံနဲ့ရုပ်ရှင်ကြည့်သောအခါ တစ်ချို့အခန်းတွေကို ခန့်မှန်းလို့ရခဲ့ကြပါတယ်။ ပြီးတော့ ထိုကားတွေရဲ့Trailers တွေမှာလည်း ဇာတ်ကားရဲ့အခန်းတော်တော်များများကို ဖော်ပြထားခဲ့ကြပါတယ်။ ဒီ Edge of Tomorrow မှာ ထိုကားတွေထက် တစ်ခုပိုကြိုက်သွားခဲ့တာကတော့ ကျွန်တော်တို့ဒီကားရဲ့Trailers တွေကိုကြည့်တော့ အခန်းတော်တော်များများကို သိပြီးဟုယူဆခဲ့မိကောင်းမိပါလိမ့်မယ်။ သို့သော် တစ်ကယ့်ရုပ်ရှင်ထဲတွင် Trailers ထဲတွေမှာ မဖော်ပြခဲ့တဲ့ အခန်းတွေ အများကြီးပါဝင်ခဲ့ပါတယ်။ ပြောချင်တာကတော့ Trailers တွေကြည့်ပြီး ဒီကားလေးရဲ့ဇာတ်လမ်းကို မဆုံးဖြတ်လိုက်ပါနဲ့လို့ပါ။ ပြောရမယ်ဆိုရင် Action sequence scene တွေဟာအရမ်းကောင်းမွန်သောကြောင့် Blockbuster of the year လို့ ပြောနိုင်သလို ဒီနှစ်ရဲ့အခုထိ အကောင်းဆုံး Action movie တစ်ခုပါပဲ။ ပြောချင်တာက အဆုံးသတ်လေးပါ။ တစ်ကယ်လို့ဒီရုပ်ရှင်သာ Original All you need is kill ဇာတ်လမ်းထဲက အတိုင်းသာ အဆုံးသတ်ခဲ့မယ်ဆိုရင် အများကြီးပိုကောင်းမယ်လို့ထင်မိပါတယ်။

အမြင်ပိုင်းမှာတော့ ဒီကားဟာ Groundhog Day တို့Saving Private Ryan တို့Full Metal Jacket တို့Aliens တို့Starship Troopers တို့Matrix တို့ကားတွေနဲ့ဆင်မယ်လို့ယူဆကောင်း ယူဆနိုင်ကြပါလိမ့်မယ်။ အမှန်မှာတော့ ဒီကားဟာ ထိုဇာတ်ကားများနဲ  မတူညီပါ။ ဘာနဲ့သွားတူလဲဆိုရင် Videogames တွေလိုပါပဲ။ Player ဟာ သေမယ်။ ပြီးရင် နောက်ထပ် အသက် တစ်သက်နဲ့Game ရဲ့ပန်းတိုင်ကို ရောက်တဲ့ အထိ ဆက်လက်ချီတက်သွားတဲ့ ပုံစံမျိူးပါ။ တစ်ကယ်တော့ Sakurazaka ကိုယ်တိုင်ဟာလည်း Programmer တစ်ယောက်ပါပဲ။ Theme က Timeloop theme ဖြစ်သောကြောင့် ကျွန်တော်ကြည့်ဖူးတဲ့ timeloop ကားတွေထဲမှာ ဒီကားလေးဟာ Sourcecode ရော Looper ရော Triangle ရော 12:01 တို့ထက်ပိုကောင်းမွန်တာကို တွေ့ခဲ့ရပါတယ်။ ထို့အပြင် ဒီကားရဲ့poster မှာတွေ့မြင်ရတဲ့ LIVE...DIE...REPEAT ဆိုတဲ့စကားလုံး 3 လုံးဟာ ကျွန်တော်တို့လူသားတွေရဲ့ဘဝကြီးကို သရုပ်အမှန်ဆုံးဖော်ပြထားသလိုပဲလို့ ခံစားမိပါတယ်။ ကျွန်တော်တို့လူသားတွေ အသက်ရှင်နေထိုင်ကြမယ်။ ပြီးရင်သေဆုံးသွားကြမယ်။ ပြီးရင် လည်နေတဲ့ သံသရာကြီးထဲမှာ ထပ်လည်ကြအုံးမယ် ..ဒီအဖြစ်အပျက်တွေ ထပ်ဖြစ်ရအုံးမယ်။ တစ်ကယ့်တော့ ကျွန်တော်တို့ကိုယ်တိုင်လည်း ကျွန်တော်တို့ရဲ့ကိုယ်ပိုင် TIMELOOP လေးတစ်ခုမှာ လည်ပတ်နေကြလို့လည်ပတ်နေကြမှန်းမသိတဲ့ သူတွေပါ။

Director Doug Liman ရဲ့ပြောချက်အရ ဒီကားဟာ Tom Cruise ကိုကြိုက်တဲ့ သူတွေအတွက်ရော မုန်းတဲ့သူတွေအတွက်ပါရိုက်ကူးထားတာပါတဲ့။ ဒီကားမှာ ဘာလို့လဲဆိုတော့ Tom Cruise ကိုမုန်းတဲ့သူတွေက သူသေတာကို ဒီကားမှာ မကြာခဏကြည့်ကြရမှာဖြစ်လို့ပါတဲ့။ Director ပြောချက်အရ Tom Cruise သေတဲ့အကြိမ်ရေ 200 ကျော်ပါတယ်တဲ့။ Tom Cruise ဟာဒီကားမှာပဲသေတဲ့ ဇာတ်ကောင် ရိုက်ကူးခဲ့တာမဟုတ်ပါ။ ကျွန်တော်လည်း စိတ်ဝင်စားလို့သူသေတဲ့ ကားတွေကို ရှာကြည့်လိုက်တော့ ဒီကားတွေမှာ သူ သေတဲ့ အခန်းတွေပါဝင်ခဲ့ပါတယ်။
Spoiler Alert*

  1. TAPS (1981)
  2. Young Guns (1988)
  3. Vanilla Sky (2001)
  4. Collateral (2004)
  5. Mission Impossible III (2006) ခဏတာသေဆုံးတဲ့ အခန်းပါဝင်ခဲ့ပါတယ်။
  6. Valkyrie (2008)
  7. Oblivion (2013)
    ထိုကားတွေမှာ Tom Cruise သေဆုံးတဲ့ အခန်းတွေပါဝင်ခဲ့ပါတယ်။ ဒါဆို Edge of Tomorrow မှာပဲ Tom Cruise သေတဲ့ အခန်းတွေပါဝင်ခဲ့တာမဟုတ်ပါ။

နောက်ဆုံးပြောချင်တာကတော့ ကျွန်တော် ဒီကားလေးကိုလည်းကြည့်ပြီးရော ကျွန်တော် ကိုယ်တိုင်လည်း Timeloop ထဲကိုရောက်ရှိသွားသလို ခံစားခဲ့ရပါတယ်။ ဘယ်လို Timeloop လည်းဆိုတော့ ဒီကားလေးကို တစ်ခါကြည့်ပြီးသွားရင် နောက်တစ်ကြိမ်ပြန်ကြည့်ဖို့မစောင့်နိုင်တော့ဘူးဆိုတဲ့ နောက်တစ်ခါ ပြန်ကြည့်မယ်ဆိုတဲ့ Timeloop လေးပါပဲ....

IMDb Rating: 8.2/10 (currently)
Rotten Tomatoes Rating: 89% (currently)

~WH~

WH
WH
4 min read