Belle De Jour (1967)
Drama

Belle De Jour (1967)

ဒီဇာတ်ကားထဲက ဇာတ်ကောင်ကို ကျွန်တော် ဝေဖန်မှာမဟုတ်ပဲ Director Luis Buñuel နဲ့ဇာတ်ညွှန်းရေးဆရာ Jean-Claude Carrière တို့ပုံဖော်ခဲ့ကြသလိုပဲ ကိုယ်လှမ်းမြင်နိုင်တဲ့ အကွာအဝေးတစ်ခုကနေ ကြည့်ပြီး ဆွေးနွေးသွားမှာပါ။ ဇာတ်ကောင်ကို ပြောရမယ်ဆိုရင် ဇာတ်လမ်းကိုပြောတာနဲ့သွားတူလိမ့်မယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တင်ပြထားတဲ့ ယခုဇာတ်ကားဟာ ဇာတ်ကောင်စရိုက်ကိုပဲ အပြည့်အခြေခံထားပြီး ဇာတ်ကောင်ရဲ့လုပ်ရပ်ဖန်တီးမှုတွေနဲ့အတွေးစတွေကို ပုံဖော်ထားလို့ပဲ။ . Séverine Serizy ဆိုတဲ့ အသက်ခပ်ငယ်ငယ် အမျိုးသမီး အိမ်ထောင်ရှင်

WH
WH
6 min read
Y Tu Mamá También (2001)
Drama

Y Tu Mamá También (2001)

Y Tu Mamá También (2001) Tenoch ရဲ့အဖေက နိုင်ငံရေးပိုင်းမှာပါ ဝင်ဆန့်တဲ့ မျက်နှာကြီး သူေဋ္ဌးတစ်ဦး၊ Julian ကတော့ သာမန်မိသားစုလေးက သာမန်ကောင်လေးတစ်ယောက်ပဲ။ သူတို့နှစ်ယောက်ဟာ အခင်ဆုံး၊ အတွဲဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တယ်။ နှစ်ယောက်လုံးက လူငယ်ဘဝရဲ့အထွတ်အထိပ်ကာလကိုရောက်နေကြသူတွေပီပီ တက်ကြွမှုအပြည့်၊ လိင်စိတ်နိုးကြားမှုအပြည့်၊ မနာလိုဝန်တိုခြင်း၊ ရှက်ရွံ့သိမ်ငယ်ခြင်း နတ္ထိ၊ ပူပန်မှု နတ္ထိ။ အရာရာတိုင်းဟာ သူတို့အတွက်တော့ လှောင်ပြောင်ရယ်မောစရာ။ သူတို့ရဲ့ ရည်းစားသနာ အသီးသီးဟာ ခရီးထွက်သွားကြတဲ့အခါ သူငယ်ချင်

Jason Bourne
Action

Jason Bourne

2002 လောက်ကဖြစ်မယ်ထင်တယ်။ James Bond နဲ့ဆန့်ကျင်ဘက် ဇာတ်ကောင်တစ်ယောက် ရုပ်ရှင်လောကမှာ ပေါလာတယ်။ နာမည်ကတော့ Jason Bourne တဲ့။ သူ့ကိုကျွန်တော်တို့စတွေ့တော့ Mediterranean ပင်လယ်ထဲမှာ မျောနေတဲ့သူတစ်ယောက်အဖြစ်။ ကျောမှာလည်း သေနတ်ကျည်ပေါက်ရာ နှစ်ခုနဲ့။ ပြဿနာက သူဟာ ဘယ်ကလာပြီး ဘာဖြစ်ခဲ့လဲဆိုတာ သူကိုယ်တိုင်မသိတာပဲ။ ဒီလိုနဲ့သူတစ်ဖြည်းဖြည်းသိလာတာကတော့ သူဟာ CIA Operation တစ်ခုဖြစ်တဲ့ Treadstone လက်အောက်မှာ အလုပ် လုပ်ခဲ့တဲ့ CIA အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်ဆိုတာပဲ။ ဒါပေမဲ့ တစ်ဖွဲ့လုံးနဲ့တစ်ယောက်ခွဲထွက်သွားတဲ့ Jason

WH
WH
4 min read
Suicide Squad
Super Heroes

Suicide Squad

ဒါဟာ ဘယ်သူ့အပြစ်လဲ? အသက်သွင်းဖန်တီးသူ David Ayer အပြစ်လား။ ဇာတ်လမ်းအစစ်အမှန်မရှိတဲ့ ဇာတ်ကျောရိုးကြီးပေါ်ကနေ subplots လေးတွေနဲ့ပဲ အပေါ်ယံဖြူးထားတဲ့ ဇာတ်ညွှန်းရေးဆရာဖြစ်တဲ့ David Ayer အပြစ်ပဲလား။ ဒါမှ မဟုတ် တစ်စစီပြန့်ကျဲနေတဲ့ ဇာတ်ဝင်ခန်းလေးတွေကို ကောက်ကာငင်ကာ မှားယွင်းတဲ့ Lego အပိုင်းအစလေးတွေကို ဆက်နေသလို တည်းဖြတ်ထားတဲ့ တည်းဖြတ်သူ John Gilory ရဲ့အပြစ်တွေလား။ သေချာတာကတော့ သူတို့နှစ်ယောက်စလုံးရဲ့အပြစ်တွေပါပဲ။ ဒါမှ မဟုတ် ထိုအရာတွေကို ခိုင်းစေခဲ့တဲ့ Warner Bros ရဲ့အပြစ်ကြီးပဲလား။ -----------------

WH
WH
7 min read
Sully
True Stories

Sully

အဖြစ်အပျက်တွေက ဖြစ်ခဲ့ပြီးပြီ။ မြန်ဆန်လွန်းတယ်လို့တောင် ဆိုထိုက်တယ်။ တဒင်္ဂအောင်မြင်မှုဆိုတာလည်း သူ့နောက်ကနေ လိုက်လာခဲ့နေပြီ။ သူ့ဆုံးဖြတ်ချက်က မှားလား မှန်လား။ သူကိုယ်တိုင် ဒွိဟတွေ ဝေနေခဲ့ပြီ။ ဒါပေမဲ့ သူ့ကိုယ်သူတော့ သူယုံကြည်တယ်။ ယုံကြည်ချင်စရာလည်း ကောင်းမှာပေါ့။ အဖြစ်အပျက်က သက်သေထူခဲ့ပြီလေ။ ဒါပေမဲ့ မရဏသေမင်းဆီကို ခေါ်ဆောင်သွားစေတဲ့ အဖြစ်အပျက်တွေကို သူကျော်လွှားနိုင်ခဲ့ပေမဲ့ ထိုအိပ်မက်ဆိုးတွေကတော့ ယနေ့တိုင် သူ့ကိုခြောက်လှန့်နေဆဲ။ အကယ်၍ သူရဲ့ဆုံးဖြတ်ချက်သာ မှားယွင်းခဲ့ပါက … --------------------

WH
WH
4 min read
Special Collection

HEROES (Part V)

Clarice Starling (Silence of the Lambs) Hannible ဟာ အကောင်းဆုံး Villain တစ်ယောက်ဆိုရင် သူရင်ဆိုင်တွေ့ခဲ့ရတဲ့ Clarice Starling ဟာလည်း အကောင်းဆုံး Hero တစ်ယောက်ဖြစ်နေပြန်တယ်။ Clarice ဟာ ဇာတ်လမ်းအစပိုင်းတွင် FBI က သင်တန်းသူတစ်ယောက်ပဲရှိပါသေးတယ်။ ဒါပေမဲ့ သူမရဲ့ပထမဆုံး အလုပ်ကတော့ Buffalo Bill ဆိုတဲ့ လူသတ်သမားတစ်ယောက်ကို ခြေရာခံလိုက်ဖို့Hannibal Lecter ဆိုတဲ့ အကျဉ်းချခံထားရသော သူသတ်သမားတစ်ဖြစ် လူသားစား စိတ်ရောဂါဆရာဝန်ဟောင်းကြီးတစ်ယောက်ကို မေးမြန်းခြင်းများပြုလုပ်ပြီး အကူအညီရယူခြင်းပဲ။ သူမဟာ သင်တန်းကျ

WH
WH
14 min read
Special Collection

HEROES (Part IV)

James Bond ဒီဘဲကိုတေ့ာ သူရဲကောင်းလို့မြင်မိတာထက် အားအကျဆုံး ဇာတ်ကောင်လို့ပြောရင်ပိုမှန်မယ်ထင်တယ်။ စဉ်းစားကြည့်လေ။ ယောကျ်ားလေးတွေ အားကျမယ်ဆိုရင်လည်း အားကျချင်စရာကောင်းတဲ့ ဇာတ်ကောင်လေ။ လောင်းကစားပိုင်းဆိုလည်း ကျွမ်းတယ်။ ယမကာနဲ့ပတ်သက်ရင်လည်း သူမသိတာ မရှိ။ ကမ္ဘာ့ရန်သူတော်ကြီးတွေနဲ့တွေ့လည်း သူပဲ အမြဲအနိုင်ရတယ်။ အသက်ဘေးအန္တရယ်တွေနဲ့တွေ့ကြုံလာပြီဆိုရင်လည်း ကျန်သူတွေထက် သူကအမြဲလိုလို လွတ်မြောက်တယ်။ တိုက်ခိုက်မှုစွမ်းရည်ကလည်း သာလွန်းတဲ့အပြင် ဉာဏ်ရည်ဉာဏ်စွမ်းကလည်း ထက်မြတ်တယ်။ တစ်ကယ်ပြောတာ။ သူမသိတာတစ်ခုမှမ

WH
WH
11 min read