I AM HEATH LEDGER
Special Collection

I AM HEATH LEDGER

Heath Ledger တစ်ယောက် America မြေပေါ်ကို စခြေချတော့ သူစတွေ့ရင်းနှီးခဲ့တဲ့ သူတွေထဲမှာ Steve Alexander လည်းပါတယ်။ Steve Alexander က နောက်ပိုင်းမှာ Heath ရဲ့manager ဖြစ်လာသလို အရင်းနှီးဆုံးမိတ်ဆွေတွေထဲက တစ်ယောက်လည်း ဖြစ်လာတယ်။ အဲ့ဒီ့ညက သူတို့နှစ်ယောက်က ကားတစ်စီးပေါ်မှာ။ Steve Alexander က သူ့client ဖြစ်တဲ့ Heath ကို သရုပ်ဆောင်သက်တမ်းဘယ်လောက် ရှိပြီလဲလို့မေးလိုက်တယ်။ Heath က သေချာစဉ်းစားပြီးတော့ အနှစ် ၂၀ လောက်ရှိပြီလို့ပြန်ဖြေလိုက်တယ်။ အဲ့ဒီ့တော့ Steve Alexander က ရယ်ရယ်မောမောနဲ့မင်းအသက်ဘယ်လောက်ရှိပြ

WH
WH
5 min read
Midnight Cowboy (1969)
Drama

Midnight Cowboy (1969)

ကောင်းမွန်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ဖို့ လိုအပ်တဲ့ အပိုင်းတွေ အများကြီးရှိတဲ့ထဲကမှ Acting အပိုင်းဟာ ထင်သာမြင်သာအရှိဆုံးအပိုင်းလို့ ဆိုလို့ရမယ်။ ခုမှရုပ်ရှင်စကြည့်တယ်ဆိုတဲ့သူတွေအဖို့တောင် တကယ်ကောင်းမွန်တဲ့ သရုပ်ဆောင်မှုဖြစ်ရင် သတိမထားမိဖို့ခက်လှတယ်။ တစ်ခါတစ်လေကျတော့လဲ သရုပ်ဆောင်ကောင်းမွန်မှုမှာ နှစ်လိုစွာ စီးမျောသဘောကျနေမိရင်း ရုပ်ရှင်ရဲ့ အခြားသော ညံ့ဖျင်းတဲ့အပိုင်းများကို သတိမမူမိတဲ့အထိဖြစ်တတ်တယ်။ ပြောချင်တာက သရုပ်ဆောင်များရဲ့ ထင်သာမြင်သာရှိမှုနဲ့ ဆွဲဆောင်နိုင်မှုကိုပါ။ Midnight Cowboy ဟာ သရုပ်ဆောင်

Gentleman's Agreement (1947)
Drama

Gentleman's Agreement (1947)

ယနေ့ခေတ် မော်ဒန်လူ့အဖွဲ့အစည်းမှာ "racism" ဆိုတဲ့ လူမျိုးရေးခွဲခြားမှုကို ကွယ်ပျောက်သင့်ပြီဖြစ်တဲ့ မကောင်းသောအရာအဖြစ် လက်ခံလာကြပြီဖြစ်တယ်။ တိုးတက်ပြောင်းလဲလာတဲ့ လူမှုအဆောက်အအုံရဲ့ အရွှေ့ဟာ racism ပပျောက်သွားဖို့ဘက်ကို ဦးတည်လာပါတယ်။ အမေရိကန်တို့ဟာ ကမ္ဘာပေါ်မှာ ဒီမိုကရေစီတိုးတက်တဲ့နိုင်ငံ၊ မျှတမှန်ကန်တဲ့ constitution ကို အခြေခံထားတဲ့ နိုင်ငံဖြစ်တယ်ဆိုတာကို ပြသဖို့ သူတို့ရဲ့ထက်မြတ်တဲ့လက်နက်ဖြစ်တဲ့ ရုပ်ရှင်ကားများနဲ့ အကြိမ်ကြိမ် ကြိုးစားခဲ့ကြတယ်။ ဘာသာရေး၊ လူမျိုးရေး၊ လိင်အမျိုးအစား ခွဲခြားမှုကို ဆန့်

The Mimic (2017)
Horror

The Mimic (2017)

ငယ်ငယ်က လူကြီးတွေ ယုံတမ်းပုံပြင်လိုလို ပြောတာ ကြားခဲ့ဖူးတယ်။ ကျတ်တစ္ဆေတို့၊ ကျတ်ကုန်းတို့။ ကျတ်တစ္ဆေများဟာ လူယောင်ဖန်ဆင်းပြီး အိမ်တွေထဲထမင်းဝင်စားတတ်တာတို့၊ တောထဲတောင်ထဲသွားရင် ကိုယ့်အိမ်သားအသံကိုတုပြီး ကိုယ့်နာမည်ကိုအော်ခေါ်တာမျိုး လုပ်တတ်တယ်တဲ့။ အဲတာကို ကိုယ့်အိမ်သားမှတ်လို့ ထူးမိရင် ဝိညာဉ်နုတ်သွားလိမ့်မယ်ဆိုတာကြောင့် ကလေးဘဝက ကျတ်ဆိုတာကြီးကို ဘာမှန်းမသိဘဲ အသေကြောက်ခဲ့ရတာပဲ။ ကလေးအချင်းချင်းကြားမှာတောင် ညမှောင်ရင် တစ်ယောက်နာမည်တစ်ယောက်မခေါ်ကြေး၊ တော်ကြာ ကျတ်ကြားသွားရင် လိုက်တုပြီး ခေါ်လိမ့်မယ်နဲ

Don't look now
Horror

Don't look now

ဇာတ်ကားရဲ့ အဖွင့်ခန်းက တော်တော်စားတယ်။ ဇာတ်လိုက်ရဲ့ သမီး ရေနစ်သေတဲ့အခန်း။ အဖြစ်ဆိုးကြီးတစ်ခုဖြစ်တော့မယ်ဆိုတဲ့ အာရုံသိမှုကို ပရိသတ်ထံပို့ပေးလိုက်ပုံက သင်းတယ်။ နိမိတ်ပြပုံတွေ၊ intercuts များ ခပ်မြန်မြန်ကစားထားပုံတွေ၊ နောက်ပြီး ဂီတသံမပါတဲ့ တိတ်ဆိတ်မှုတွေကို ဒီအဖွင့်ခန်းမှာ စိတ်လှုပ်ရှားစရာ ဗရမ်းဗတာပုံစံမျိုး တည်ခင်းပြထားတယ်။ ဒါဟာ တစ်ကားလုံးအတွက် သုံးသွားမယ့် စတိုင်ပဲလို့ ကြေညာလိုက်ခြင်းလည်းဖြစ်တယ်။ ဝမ်းနည်းစရာအဖြစ်အပျက်ကြီးအပြီး ကာလတစ်ခုအကြာမှာ ဇာတ်လိုက်ဟာ ဗင်းနစ်မြို့ကိုရောက်ရှိလို့နေတယ်။ သူဟာ ဗင်

Bed & board
Comedy Drama

Bed & board

၁၉၆၀ ဝန်းကျင်လောက်က ပြင်သစ် ရုပ်ရှင်ဝေဖန်ရေးဆရာတစ်စုဟာ  မြင်နေရ တွေ့နေရတဲ့ ရုပ်ရှင်တွေအပေါ်မှာ အားမလိုအားမရဖြစ်လွန်းလို့ ဒါလောက်တောင်ဖြစ်တာ ကိုယ့်ဘာသာကိုယ်ရိုက်မယ်ကွာဆိုပြီး ရဲရဲဝံ့ဝံ့ ထရိုက်ကြရာကနေ ကမ္ဘာ့လှုပ်ခတ်နိုင်စွမ်းအကြီးမားဆုံး ရုပ်ရှင်တော်လှန်ရေးတစ်ခုအဖြစ် French New Wave ဆိုတာကြီးကို မွေးဖွားပေးလိုက်ကြတယ်။ အဲသည့် ဝေဖန်ရေးဆရာတစ်စုထဲမှာ Francois Truffaut ဟာလည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့တာပေါ့။ ကျွန်တော့်စိတ်ထင်လည်း ဖြစ်ကောင်းဖြစ်မယ်။ အတူတူလှုပ်ရှားခဲ့ကြသူတွေထဲ (ထားပါတော့) Godard တို့၊ Robert B

Hour of the Wolf
Drama

Hour of the Wolf

Ingmar Bergman ရဲ့ "Hour of the Wolf" ဟာ တသီးတသန့်ပရိသတ်ကိုရှာရမယ့် ပုဂ္ဂလိကဆန်တဲ့ ရုပ်ရှင်ပါပဲ။ ဆိုချင်တာက သာမန်ရုပ်ရှင်ကြည့်သူတွေ နှစ်သက်မယ့်ကားမျိုးမဟုတ်ဘူးလို့ ထင်မိတယ်။ (ကြည့်ရတာ) ခက်ခဲတဲ့ရုပ်ရှင်ဖြစ်ပြီး အားလုံးခြုံကြည့်ရင် အောင်မြင်တဲ့ရုပ်ရှင်လို့လည်းမဆိုနိုင်ဘူး။ "စနှိုးဝှိုက်နှင့် လူပုလေးခုနစ်ယောက်" မှာ ဒစ်စနေးက ကလေးတွေဆီက မယုံကြည်နိုင်စရာတွေကို ခဏပစ်ချထားဖို့ တောင်းဆိုခဲ့သလိုမျိုးပဲ Bergman ဟာလည်း ပရိသတ်တွေဆီက စိတ်ကူးကွန့်မြူးမှုကို လိုအပ်ပါတယ်။ သို့သော်လည်း ကျွန်တော် သတိထားမိတဲ့ လူကြီ