မိန်းမကြီးတစ်ဦးဟာ လူသွားလူလာ နည်းပါးတဲ့ လမ်းမကြီးဘေးမှာ လစ်လပ်လျက်ရှိတဲ့ billboards သုံးခုကို ငှါးရမ်းခဲ့တယ်။ ပြီးတော့ အောက်ပါ စာသားကို billboards သုံးခုမှာ ရေးတင်စေခဲ့တယ်။ "Raped while dying", "And still no arrests?", "How come, Chief Willoughby?". မသိတဲ့သူအတွက်တော့ ရုတ်တရက်ကြည့်ရင် ဘာမှန်း အဓိပ္ပါယ်မပေါက်နိုင်ပေမယ့် Ebbing မြို့သားတွေကတော့ စာသားတွေကိုမြင်တာနဲ့ ဘာကိုဆိုလိုတယ်ဆိုတာနဲ့ ဘယ်သူ့လက်ချက်ဆိုတာကိုပါ တန်းသဘောပေါက်ခဲ့ကြတယ်။ Mildred Hayes...............တစ်ခုလပ်မိန်းမကြီး၊ သားတစ်ဦးနဲ့ လ